မေလ ၁၈ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးမှ နုတ်ထွက်ခွင့်ပြု

■ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် သက်ဆိုင်သော စက်ယန္တရားများ၊ စက်ရုံများအပါအ၀င် Supply Chain တွင် ပါဝင်သော လုပ်ငန်းများအတွက် သုံးနှစ်သက်တမ်းရှိ ချေးငွေများကို ထုတ်ချေးသွားမည်ဟု ဆို

■ တရားမဝင်ဆေးဝါးနှင့် ခွဲစိတ်ခန်းများပါဝင်သည့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးကုခန်းနှစ်ခုအား ပိတ်သိမ်းပြီး တရားစွဲ အရေးယူထား

■ ၂၀၁၈ ဧပြီနှင့် မေလတို့အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော်ကို ရင်းနှီးမြှုပ်နှံ ခွင့်ပြုထား

■ “ မြန်မာသရက် ကမ္ဘာ့ဈေးကွက်သို့” ခေါင်းစဉ်ဖြင့် မြန်မာသရက်သီးဈေးရောင်းပွဲတော် မန္တလေးမြို့တွင် ကျင်းပမည်

■ သစ်ရှားပါးလာမှုကြောင့် မြိတ်ကျွန်းစုအတွင်း ငါးဖမ်းလှေများကို သံခွံငါးဖမ်းလှေများအဖြစ် ပြောင်းလဲတည်ဆောက်လာ

■ ၀န်ကြီးချုပ်ဟောင်းနာဂျစ်၏ ငွေကြေးအရှု့ပ်တော်ပုံနှင့်ပတ်သက်၍ ကွာလာလမ်ပူရှိ ကွန်ဒိုသုံးခုကို မလေးရှားရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေခဲ့ပြီး ပုံး ၂၈၄ ပုံးဆံ့ အဖိုးတန်ပစ္စည်းများ၊ ငွေသားများကို သိမ်းယူခဲ့

■ နိုင်ငံ့ဂုဏ်ဆောင် Eurovision ဆုရှင် NettaBarzilai ကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု လက်ခံတွေ့ဆုံ

■ လာမည့်ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း ကွာတားဖိုင်နယ်အဆင့်ထက် ပိုမရောက်နိုင်ဟု BBC သုံးသပ်

 

 


နောက်ဆုံးရသတင်းများ

1 2 3 3,457