မေလ ၂၆ ရက်နေ့ နံနက်ပိုင်း သတင်း အစီအစဉ်

■ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးနေသည်ဟုဆိုသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအား ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့

■ ပြစ်မှု ပြစ်ဒဏ်မျှတမှု မရှိသည့် သက်ငယ်မုဒိန်းမှုများကိုစိစစ်၍ အယူခံမှု၊ပြင်ဆင်မှုများ တက်ရောက်ရေးကို အလေးထားဆောင်ရွက်ရန် တိုင်းဒေသကြီး ပြည်နယ်ရဲတပ်ဖွဲ့များအား ညွန်ကြားထားဟု ပြည်ထဲရေး ဒုဝန်ကြီးပြော

■ ရန်ကုန်တိုင်းအစိုးရမှ ရင်းနှီးမြှုပ်နှံထားသည့် ငွေ ကျပ် ၁၄၁ ဘီလီယံကျော်ကို အမှန်တကယ် ထိရောက်စွာဆောင်ရွက်ထားခြင်းရှိမရှိတိုင်းစာရင်းစစ်ချုပ်ရုံးကတစ်နှစ်ပြည့်အစီရင်ခံစာတွင် ဆွေးနွေးပေးရန် အဆိုတင်သွင်း

■ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံးနှင့် ကားတစ်စီး မီးလောင်ဆုံးရှုံးခဲ့ကာ ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

■ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းဆက်လက်အားကောင်းလာနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်နိုင်ဟုခန့်မှန်းထား

■ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော FDA ညွှန်ချုပ်အမှု ၄ ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူးကို အပြီးသတ်စစ်ဆေး

■ ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအန်တို့၏ ထိပ်သီးဆွေးနွေးပွဲပျက်ပြယ်မှုကြောင့် အမေရိကန်-တရုတ် ဆက်ဆံရေးတင်းမာမှု ပိုမိုဆိုးရွားလာဖွယ်ရှိဟု ကျွမ်းကျင်သူများသုံးသပ်

■ ဘင်္ဂါလီဒုက္ခသည် အမျိုးသမီးများနှင့် ကလေးငယ်များကိုကူညီထောက်ပံ့မှုများတိုးမြှင့်လုပ်ဆောင် သွားရန် နိုင်ငံတကာအသိုက်အ၀န်းအား ဘောလိဝုဒ်မင်းသမီး ပရီယန်ကာချော့ပရာတိုက်တွန်း

■ မန်ယူအသင်းနှင့် အကြိုဆွေးနွေးနေသော်လည်းကမ္ဘာ့ဖလားကိုသာ အာရုံစိုက်ထားကြောင်း ဘရာဇီးလ်ကွင်းလယ်လူဖရက်ဒ် ပြောကြား

 


နောက်ဆုံးရသတင်းများ

1 2 3 3,153