ဇွန်လ ၂ ရက်နေ့ နံနက်ခင်း သတင်းအစီအစဉ်

■ ပြည်နယ်များ၏ နေ့ထူးနေ့မြတ်ရက်များအား တရားဝင်ရုံးပိတ်ရက် သတ်မှတ်နိုင်ရေးအတွက် တိုင်းရင်းသားရေးရာဝန်ကြီး အနေဖြင့် ပြည်ထောင်စုအစိုးရထံ တင်ပြညှိနှိုင်း ဆောင်ရွက်ပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မေတ္တာရပ်ခံ

■ စည်ပင်ရငွေများ သိမ်ဆည်းရန် ရည်ရွယ်တည်ထောင်ခဲ့သော ရန်ကုန်မြို့တော်ဘဏ်အနေဖြင့် ပုဂ္ဂလိကဘဏ်များအတိုင်း လုပ်ဆောင်ရန် ရည်ရွယ်၍ ကျပ်သန်းပေါင်း ၆၈၀၀ တောင်းခံမှုကို လွှတ်တော်ကော်မတီ ကန့်ကွက်

■ မြရိပ်ညိုစီမံကိန်းဝင်းအတွင်းရှိကုက္ကိုင်းရေလှောင်ကန် မြေထိန်းနံရံ အက်ကွဲလာပြီး အချိန်မရွေးပြိုကျကာ အနီးရှိရပ်ကွက်များ ရေမြုပ်နိုင်သဖြင့် ပြည်သူများ စိုးရိမ်နေ

■ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်

■ မိုးကုတ်မြို့နယ် သံလွင်ကျေးရွာအုပ်စုရှိ တွဲဖက်အလယ်တန်းကျောင်း၏ နှစ်ထပ်ဆောင်ဝရံတာ ပြိုကျမှုကြောင့် ကျောင်းသားကလေးငယ်အချို့ ဒဏ်ရာရရှိ

■ စပိန်ဝန်ကြီးချုပ် ရာဂျွိုင်းကို ပါလီမန်က အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းဖြုတ်ချခဲ့ပြီး ပြိုင်ဘက် ဆိုရှယ်လစ်ပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဖြစ်လာ

■ ၂၀၁၃ ခုနှစ် ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုအတွက် အကြမ်းဖက်စစ်သွေးကြွ ငါးဦးကို အိန္ဒိယတရားရုံးမှ ထောင်ဒဏ်တစ်သက်နှင့် ငွေဒဏ် ပူးတွဲပြစ်ဒဏ်ချမှတ်ခဲ့

■ The Beach ရုပ်ရှင်ဇာတ်ကားကြောင့် နာမည်ကျော်သည့် ထိုင်းပင်လယ်အော်သို့ ခရီးသည်များ ၀င်ရောက်ခွင့် လေးလ ပိတ်ပင်မှု စတင်

■ ဂျာမနီနိုင်ငံ လူနင်ဘာ့ခ်ျမြို့ရှိ တိရိ စ္ဆာန်ရုံမှ ခြင်္သေ့၊ ကျားနှင့် ကျားသစ်များ လွတ်ထွက်သွားခဲ့သဖြင့် တစ်မြို့လုံးကို ပိတ်ဆို့ ရှာဖွေခဲ့ရ

 


နောက်ဆုံးရသတင်းများ

1 2 3 3,462