ဇွန်လ ၅ ရက် နံနက်ပိုင်း သတင်းအစီအစဉ်

■ ပြည်နယ်နှင့် တိုင်းဒေသကြီး လေးခုတွင် ဒေါ်လာ ၅ ဘီလီယံကျော်တန်ဖိုးရှိ LNG ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူခြင်း မရှိဘဲ ခွင့်ပြုပေးသည့်ကိစ္စအား ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

■ ရန်ကုန်တိုင်းအစိုးရက ၀ယ်ယူမည့် Ford ကားများနှင့် City Bank မှ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ရန် ငွေတောင်းခံမှုတို့နှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့၍ ဝန်ကြီးချုပ်ထံ ပြန်လည် တင်ပြမည်

■ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းဒေသမှ မြေဧက တစ်သောင်းကျော်ကို မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေးရန် တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်း

■ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်းများကို ရန်ကုန်နှင့် နေပြည်တော်ရှိ စာစစ်ဦးစီးဌာနများတွင် စတင်ထုတ်ပေးနေပြီဖြစ်

■ ထိုင်းနိုင်ငံ ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားများ လက်ရှိ လုပ်ကိုင်နိုင်သည့် လုပ်ငန်းခြောက်မျိုးအပြင် နောက်ထပ်လုပ်ငန်း ခြောက်ခုအား တိုးမြှင့်လုပ်ကိုင်ခွင့်ပေးရန် ထိုင်းအလုပ်သမားဝန်ကြီးထံ တင်ပြထား

■ အနောက်ဘက်ကမ်းခြေဒေသမှ အစ္စရေးအခြေချ အိမ်ရာစီမံကိန်းများကြောင့် ပါလက်စတိုင်းများ ပိုမိုကန့်ကွက် ဆန္ဒပြလျက်ရှိ

■ ဆိုးလ်မြို့ရှိ အခမ်းအနားတစ်ခုတွင် အမျိုးသမီးတစ်ဦးကို စင်ပေါ်တွင် နမ်းပြခဲ့သည့်အတွက် ဖိလစ်ပိုင်သမ္မတ ဒူတာတေး ရှုတ်ချခံရ

■ အာဖဂန်နစ္စတန် ကဘူးမြို့အတွင်း အသေခံ ဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး လူရှစ်ဦး သေဆုံး

■ လာမည့် ကမ္ဘာ့ဖလားတွင် မက်ဆီနှင့် နေမာ ဂိုးတစ်ဂိုးသွင်းယူတိုင်း Master Card မှ အစားအသောက် လှူဒါန်းမည်

 


နောက်ဆုံးရသတင်းများ

1 2 3 3,137