ဇွန်လ ၅ ရက်နေ့ ညပိုင်းသတင်း အစီအစဉ်

■ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကို တားမြစ်နိုင်ရန် လိုအပ်သည့်မူဝါဒများ ပြောင်းလဲချမှတ် ဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

■ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရတိုင်း အောင်မြင်မှုမရှိဘဲ မလုပ်စေချင်ကြောင်းနှင့် ထိထိရောက်ရောက်ဖြင့် အကျိုးရှိသော ချေးငွေများယူပြီးမှ ရင်းနှီးမြှုပ်နှံမှုများ လက်ခံစေချင်ကြောင်း စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး သစ်ဦးစိုးဝင်း ပြောကြား

■ မုံရွာ-မန္တလေး ကားလမ်းတွင် ခြောက်ဘီးယာဉ်နှင့် ခရီးသည်တင် လိုက်ထရပ်ယာဉ်တို့ တိုက်မိပြီး ၇ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရ

■ မန္တလေးမြို့ ကမ်းနားလမ်းတွင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲမှုကို သတင်းအရဝင်ရောက်ရှာဖွေပြီး တဲရှစ်လုံးကို ဖျက်ဆီး

■ ကမာရွတ် TTC ကျောင်းတွင် ကျောင်းကြိုပို့ကိုယ်ပိုင်ယာဉ်များ ရပ်နားမှုကိုတားမြစ်လိုက်ခြင်းကြောင့် ကျောင်းသားမိဘများ အခက်အခဲဖြစ်ပေါ်နေ

■ အီရန်ကြောင့် ဒုက္ခသည် အကျပ်အတည်းသစ်တစ်ရပ် ပေါ်ပေါက်လာနိုင်ဟုဂျာမနီကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု သတိပေး

■ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ဇနီးကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ခေါ်ယူစစ်ဆေး

■ အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက်တွင် မြေအောက်လှိုဏ်ခေါင်းများစွာ ရှာဖွေတွေ့ရှိ

■ ဂွါတီမာလာ မီးတောင်ပေါက်ကွဲမှု အသေအပျောက်စာရင်းမှာလူ ၆၀ ကျော်ထိ မြင့်တက်လာခဲ့

■ ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်နှင့် အပြောင်းအရွှေ့ကိစ္စ သဘောထားမတိုက်ဆိုင်ခဲ့သဖြင့် နည်းပြရာထူးမှ ဇီဒန်း နုတ်ထွက်ခဲ့ခြင်းဖြစ်

■ ရာမို့စ်နှင့်ထိခိုက်မိသည့်အတွက် လီဗာပူးလ်အသင်းဂိုးသမား ကာရီယက်စ်၏ စွမ်းဆောင်ရည် အမှားများခဲ့ဟု ဆရာဝန်များ စစ်ဆေးတွေ့ရှိ

 

 


နောက်ဆုံးရသတင်းများ

1 2 3 3,132