ဇွန်လ ၆ ရက် နေ့လည်ပိုင်း သတင်းအစီအစဉ်

■ မလေးရှားနိုင်ငံတွင် ဖမ်းဆီးရရှိမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်သော ကွင်းစပ်တရားခံများနှင့် အဓိကတရားခံကိုပါ ဖမ်းဆီးရမိ

■ ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ စတင်ရွာသွန်းခြင်းကြောင့် ပဉ္စမတန်းအရွယ် ကျောင်းသားငယ်တစ်ဦး ရေမြောင်းထဲမျောပါပြီး သေဆုံးမှုတစ်မှု ဖြစ်ပွားခဲ့

■ မြန်မာ-ထိုင်းနယ်စပ် မြ၀တီကုန်သွယ်ရေးစခန်းတွင် Myanmar Automated Cargo Clearance System (MACCS) စတင်ကျင့်သုံး

■ ဧရာဝတီတိုင်းရှိ ဒေသအချို့တွင် ဝါးပန်းများ ပွင့်နေသဖြင့် စိုက်ပျိုးရာသီချိန်တွင် ကြွက်အစုလိုက် ကျရောက်လာနိုင်မှု သတိပြုရန် စိုက်ပျိုးရေးဌာန ထုတ်ပြန်

■ Mobile Team အစီအစဉ်ဖြင့် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများထုတ်ပေးမှုကို ပြည်နယ်နှင့်တိုင်းများတွင် စတင်နေပြီဖြစ်

■ မြေနီကုန်းမီးပွိုင့်အနီးရှိ ပဒုမ္မာပန်းခြံကို အဆင့်မြှင့်တင်မည်ဖြစ်၍ ပန်းခြံအနီး ငှားရမ်းထားသည့် ဆိုင်ခန်းများ ပြန်လည်အပ်နှံရန် နို့တစ်စာ ပေးပို့ထား

■ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းစေရန် ပိုးလောက်လန်းနှင့် ခြင်ကျားနှိမ်နင်းရေးနှင့် လူထုပညာပေးရေး လုပ်ငန်းများအတွက် ဘတ်ဂျက်ပိုမို ချပေးထား

■ ထရန့်-ကင်မ် ထိပ်သီးဆွေးနွေးပွဲကို ဆန်တိုဆာကျွန်းပေါ်ရှိ Capella Hotel တွင် ကျင်းပ ပြုလုပ်သွားမည်

 


နောက်ဆုံးရသတင်းများ

1 2 3 3,742