ဇွန်လ ၆ ရက်နေ့ ညပိုင်းသတင်း အစီအစဉ်

■ UEHRD ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အတွက် အကြံပေးပုဂ္ဂိုလ် ခန့်အပ်

■ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမည်ဆိုလျှင် ပြည်တွင်းမှ ကျွမ်းကျင် ပညာရှင်များဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း အရေးကြီးအဆို ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် တင်သွင်း

■ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်းနှင့် စလင်းကွင်းများကို အစိုးရက မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ထံတစ်နှစ်လျှင် ကျပ်သိန်း ၅၀ ခန့်ဖြင့် နှစ် ၃၀ ငှားရမ်းထား

■ ညောင်လေးပင်မြို့ အ.ထ.က(၁) ကျောင်းအတွင်း န၀မတန်း ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပွားပြီး တစ်ဦးဆေးကုသမှု ခံယူနေရ

■ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ သမ္မတ ဒေါ်နယ်ထရန့်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ဇွန်လ ၇ ရက်နေ့တွင် တွေ့ဆုံမည်

■ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို အနမ်းခြွေမှုအတွက် မိမိအား ရာထူးမှနုတ်ထွက်ရန် အမျိုးသမီးထု တစ်ရပ်လုံးက တောင်းဆိုလာပါက နုတ်ထွက်သွားမည်ဟု ဖိလစ်ပိုင် သမ္မတဒူတာတေး ပြောကြား

■ တရုတ်နိုင်ငံတွင် မိုင်းတွင်းပေါက်ကွဲမှုကြောင့် ၁၁ ဦးသေဆုံးခဲ့ပြီး ပိတ်မိနေသည့် လုပ်သား ၂၃ ဦးကို ကယ်ထုတ်နိုင်ခဲ့

■ ဂွါတီမာလာ မီးတောင်ပေါက်မှုကြောင့် သေဆုံးသူ ၇၅ ဦးထိရှိလာပြီးလူ ၂၀၀ နီးပါး ပျောက်ဆုံးနေ

■ ကင်ဂျုံအန်သည် ဘယ်တော့မှ မပြောင်းလဲသည့် အာဏာရှင်တစ်ဦး ဖြစ်ကြောင်း မြောက်ကိုရီးယားမှ ဘက်ပြောင်းခိုလှုံလာခဲ့သူပြော

■ ဂျေရုစလင်၌ ကစားမည့် အစ္စရေးအသင်းနှင့် ခြေစမ်းပွဲကို ဝေဖန်သတိပေးမှုများကြောင့် အာဂျင်တီးနားအသင်း မကစားရန် ဆုံးဖြတ်

 

 


နောက်ဆုံးရသတင်းများ

1 2 3 3,742