ဇွန်လ ၇ ရက် နံနက်ပိုင်း သတင်းအစီအစဉ်

■ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပမည့်အချိန်နှင့် ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးသွားမည့် UPDJC တွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့များ အစည်းအဝေး ယနေ့ပြုလုပ်မည်

■ အစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှုမှတစ်ဆင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ပိုမိုလျင်မြန်လာစေရန် အစိုးရ မျှော်လင့်

■ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဦးသောင်းထွန်းကို ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်

■ ကြံ့ခိုင်မှု အားနည်းလာသောကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြိုးတံတား ၆ စင်း ဖြတ်သန်းသွားလာခွင့် တန်ချိန်များ လျှော့ချသတ်မှတ်

■ တာမွေမြို့နယ်တွင် ချက်ကြိုးတန်းလန်းဖြင့် သန္ဓေသားအလောင်း တစ်လောင်းတွေ့ ရှိ

■ တရုတ်ကုမ္ပဏီများနှင့် အချက်အလက်မျှဝေမှုများ လုပ်ဆောင်ခဲ့ကြောင်း Facebook အတည်ပြု

■ အမေရိကန် – မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း စင်ကာပူ ဝေဟင်ပိုင်နက်အား ကန့်သတ်မှုများ ပြုလုပ်သွားမည်

■ အမေရိကန်နိုင်ငံတွင် စစ်သားတစ်ဦးက သံချပ်ကာ လူသယ်ယာဉ်ကို ခိုးယူမောင်းနှင်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက နောက်မှလိုက်လံ ဖမ်းဆီးခဲ့ရ

■ Forbes မဂ္ဂဇင်း၏ ၀င်ငွေအကောင်းဆုံး အားကစားသမားအဖြစ် မေ၀ယ်လ်သာ ရပ်တည်နိုင်ခဲ့ပြီး စီရော်နယ်လ်ဒို၏ ဒုတိယနေရာကို မက်ဆီ လွှဲပြောင်းရယူ

 


နောက်ဆုံးရသတင်းများ

1 2 3 3,742