ဇွန်လ ၇ ရက်နေ့ နေ့လယ်ပိုင်း သတင်း အစီအစဉ်

■ ကျော်စောသတင်းရှိပါက တိုင်ကြားသူ မရှိသော်လည်း ကော်မရှင်က စုံစမ်းစစ်ဆေးခွင့်ရှိမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက်များဖြင့် ပြည်သူ့ လွှတ်တော် အတည်ပြု

■ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားကာ ချောင်းအနီး နေထိုင်သူများ အရေးပေါ်ရွှေ့ပြောင်း

■ ထိုင်းနိုင်ငံတွင် အလုပ်လက်မဲ့ ဖြစ်နေသည့် မြန်မာလုပ်သား ၇၀၀ ကျော်အား အလုပ်အကိုင်သစ်ရရှိရန် အလုပ်သမား သံအရာရှိရုံးမှ ကူညီဆောင်ရွက်နေ

■ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ နန်ကသူနှင့် ကညင်ရေလှောင်တမံသို့ တရုတ်နိုင်ငံမှအဖွဲ့တစ်ဖွဲ့ လာရောက်လေ့လာ

■ မြစ်ရေကြီးချိန် တာတမံ မကျိုးပေါက်ရေး ကာကွယ်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီး အထက်ပိုင်း ဟင်္သာတခရိုင်ရှိ တာတမံများ၌ မိုးရာသီ တာလုပ်သားများ ဖြည့်ဆည်း

■ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း တက်ရောက်သည့် ကျောင်းသား/သူ များပြားနေပြီး စာသင်ခန်း မလုံလောက်မှုများ ဖြစ်ပေါ်နေ

■ မန္တလေးမြို့မှ နှစ် ၁၈၀ ကျော် သက်တမ်းရှိ ကျွန်းကုတင်နှင့် ကျွန်းသေတ္တာတို့ကို ရေရှည်တည်တံ့ ထိန်းသိမ်းနိုင်ရန် WMF (ကမ္ဘာ့အဆောက်အအုံများ ရန်ပုံငွေအဖွဲ့)က နည်းပညာ ကူညီပေးမည်

■ Missison Impossible-Fall out ရုပ်ရှင်ဇာတ်ဝင်ခန်းအတွက် ငါးမိုင်အမြင့်မှ FreeFall ခုန်ချမှုကို လူစားမထိုးဘဲ မင်းသား Tom Cruise ကိုယ်တိုင် သရုပ်ဆောင်

 


နောက်ဆုံးရသတင်းများ

1 2 3 3,137