ဇွန်လ ၇ ရက် ညပိုင်း သတင်းအစီအစဉ်

■ ပညာရေးကဏ္ဍအလိုက် ဥပဒေများ အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး သုံးသပ်အကြံပြုချက် ပါဝင်သည့် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ တတိယခြောက်လပတ် အစီရင်ခံစာအား ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း

■ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအညွှန်းကိန်း GPI Index တွင် မြန်မာနိုင်ငံ အဆင့်ကျဆင်းပြီး အဆင့် ၁၂၂ တွင် ရပ်တည်

■ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပခုက္ကူမြို့ရှိ ရွှေချောင်း ချောင်းတွင် ချောင်းရေ အများအပြား ကျဆင်းခဲ့ပြီး နေအိမ်အချို့ မျောပါပျက်စီး

■ ယခုနှစ်အတွင်း ကောင်းမှုတော်စေတီအား ရွှေဆေးသင်္ကန်းကနေ မူလထုံးသင်္ကန်းအဖြစ် ပြောင်းလဲကပ်လှူ ပူဇော်မည်

■ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ G-7 ထိပ်သီးညီလာခံ၏ တိုးချဲ့အစည်းအဝေးသို့ တက်ရောက်၍ ဘင်္ဂါလီအရေး ထည့်သွင်း ဆွေးနွေးမည်

■ အမေရိကန်နှင့် မြောက်ကိုရီးယားတို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား အဓိက ဦးတည်ဆွေးနွေးသင့်ဟု ကုလတာဝန်ရှိသူ ပြောကြား

■ ဂွာတီမာလာနိုင်ငံတွင် မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက် ၉၉ ဦးအထိ ရှိလာပြီး ထပ်မံ ပေါက်ကွဲမှုများလည်း ဖြစ်ပေါ်လာဖွယ် ရှိနေ

■ နီကာရာဂွာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုများနှင့် ပတ်သတ်ပြီး ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နိုင်ရန်အတွက် ကတ်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီးများနှင့် သမ္မတတို့ တွေ့ဆုံမည်

■ အမေရိကန်လုပ် အဆင့်မြင့် F-35 လေယာဉ် လေးစင်း ဗြိတိန်နိုင်ငံသို့ ထပ်မံရောက်ရှိ

■ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့နိုင်ခဲ့ခြင်းသည် မယုံကြည်နိုင်စရာ အခွင့်အရေးမျိုးဖြစ်ကြောင်း ဒါလော့တ် ပြောကြား

 


နောက်ဆုံးရသတင်းများ

1 2 3 3,137