ဇွန်လ ၈ ရက် နံနက်ပိုင်း သတင်းအစီအစဉ်

■ လုံခြုံရေးကောင်စီက မြန်မာအစိုးရသို့ ပေးပို့သည့်စာ၌ အချက်လေးချက် ပါဝင်ပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုမှုမပါဝင်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ချုပ် ဦးဇော်ဌေးပြော

■ လွှတ်တော်၏ သဘောတူညီချက် ရယူခြင်းမရှိဘဲ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) အား ဖွဲ့စည်းခြင်းကို ကန့်ကွက်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

■ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ဇွန်လ ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံမည်

■ ဗဟန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံပုဂ္ဂိုလ်ဟုဆိုသူ သြစတြေးလျနိုင်ငံသား၏ နေအိမ်မှ စိတ်ကြွဆေးပြား ၇၀၀ နှင့် အခြားမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

■ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး ဇွန်လ ၁၁ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာနိုင်ကြောင်း မိုး/ဇလ တာဝန်ရှိသူ ဆို

■ Facebook က မြန်မာနိုင်ငံမှ ထင်ရှားသူအချို့၏ account နှင့် page အချို့ကို ပိတ်သိမ်းမှု ပြုလုပ်

■ တရုတ်နှင့်ဆက်ဆံရေး ပိုမိုတင်းမာလာစဉ် ထိုင်ဝမ်စစ်တပ်က ကျူးကျော်မှုကို တွန်းလှန်ချေမှုန်းသည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့

■ အိဒ်ပွဲတော်ကာလအတွင်း တာလီဘန်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲကြောင်း အာဖဂန်အစိုးရ ကြေညာ

■ ၂၀၁၈ ခုနှစ် ရွှေကလောင်ဆုကို ဖိလစ်ပိုင်နိုင်ငံမှ Rappler အွန်လိုင်းသတင်းမီဒီယာ ၀က်ဘ်ဆိုဒ်၏ CEO မာရီယာရတ်စ်ဆာ ရရှိ

■ ဂွါဒီယိုလာအနေဖြင့် လက်ရွေးစင်အသင်းမှ ချန်လှပ်ခံခဲ့ရသည့် ဆာနေးအား အားပေးစကားပြောရန် လိုအပ်ပြီး နည်းပြ၏ ဆုံးဖြတ်ချက်အပေါ် နားမလည်ဟု ဂျာမနီကွင်းလယ်လူဟောင်း ဘောလက် ဆို

 


နောက်ဆုံးရသတင်းများ

1 2 3 3,742