ဇွန်လ ၈ ရက် နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ ၂၀၁၇ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအား လွှတ်တော်ကိုယ်စားလှယ်အများစု ကန့်ကွက်မှုကြောင့် တိုင်းလွှတ်တော် ပယ်ချ

■ ရန်ကုန်တိုင်းတွင် အခုနှစ်ငါးလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ခြောက်ရာကျော်ရှိပြီး ပြည်နယ်နှင့်တိုင်းများအနက် အများဆုံးဖြစ်

■ အမြင့်ဈေးရောက်ခဲ့သော ကမ္ဘာ့ရေနံစိမ်းဈေး ပြန်လည် ကျဆင်းလာသော်လည်း ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ ဆက်လက် မြင့်တက်ဆဲဖြစ်

■ ရေဘေးအန္တရာယ် ကာကွယ်ထားသည့် တာတမံကြံ့ခိုင်မှုအတွက် အမှိုက်မစွန့်ပစ်ကြရန် ဟင်္သာတခရိုင် ဆည်မြောင်းဦးစီးဌာန တားမြစ်ချက် ထုတ်ပြန်

■ မန္တလေးတက္ကသိုလ် ၀င်ခွင့်အတွက် ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် အနည်းဆုံးရမှတ် ၃၅၀ ရှိသော ကျောင်းသား၊သူများ လျှောက်ထားနိုင်

■ စင်ကာပူ ထိပ်သီးအစည်းအဝေး အဆင်ပြေချောမွေ့ခဲ့ပါက ကင်ဂျုံအန်ကို အမေရိကန်သို့ ဖိတ်ကြားမည့် အလားအလာရှိဟု ဒေါ်နယ်ထရန့်ပြော

■ တရုတ်နိုင်ငံတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ကျင်းပခဲ့ပြီး ဖြေဆိုသူပေါင်း ကိုးသန်းကျော် ရှိခဲ့

■ Football For Friendship programme ပွဲတော်တွင် ပါဝင်ဆင်နွှဲရန် အမျိုးသားဘောလုံးအကယ်ဒမီမှ မင်းခန့်သူ ရုရှားနိုင်ငံသို့ ထွက်ခွာ

 


နောက်ဆုံးရသတင်းများ

1 2 3 3,445