ဇွန်လ ၈ ရက်နေ့ ညပိုင်းသတင်း အစီအစဉ်

■ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ပါဝင်သူအားလုံး တက်ရောက်သည့် ရခိုင်ပြည်နယ် အရေးကိစ္စ အပါအ၀င် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာဆက်ဆံရေး အခြေအနေများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ

■ YBS ကားခအတွက် ငွေဖြည့်ကဒ်စနစ်အားသုံးလအတွင်းကျင့်သုံးမည်ဟု သိရသော်လည်း ယနေ့တိုင်အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသည့် အကြောင်းရင်းကိုသိရှိလိုကြောင်း ရန်ကုန်တိုင်းလွှတ်တော်တွင် ဦးကျော်ဇေယျ မေးခွန်းထုတ်

■ ဆောမြို့နယ်တွင် တောင်ကျချောင်းရေကြောင့် ကျောင်းသား၊ ကျောင်းသူများ မျောပါခဲ့ပြီး တစ်ဦးသေဆုံးကာ သုံးဦးပျောက်ဆုံးနေ

■ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်လက်မှတ်များကို ဇွန်လကုန်တွင် စတင်ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေ

■ အသံထက် အဆ ၂၀ ကျော်မြန်သည့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို ရုရှားနိုင်ငံပိုင်ဆိုင်ထားပြီဟု သမ္မတပူတင် ပြောကြား

■ အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့၏ ထိပ်သီးတွေ့ဆုံပွဲမတိုင်မီရက်ပိုင်းအလိုတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသို့ သွားရောက်

■ ဘရာဇီးနိုင်ငံ၌ မွေးကင်းစကလေးငယ်တစ်ဦးကို မြှုပ်နှံပြီးနောက် ၇ နာရီအကြာတွင် အသက်ရှင်လျက် ပြန်လည်တူးဖော်တွေ့ရှိ

■ အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ၌ ရေပြတ်လပ်မှုကြောင့် ရပ်ကွက်များအတွင်း ရေပေးဝေမှုတွင် ပြည်သူအများအပြား ရေရရှိရေးရုန်းကန်နေရ

■ ဂွာတီမာလာမီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၀၉ ဦးအထိ မြင့်တက်လာပြီးလူပေါင်း ၁၉၀ ခန့် ပျောက်ဆုံးလျက်ရှိ

■ ကော်စတာရီကာအသင်းနှင့် ခြေစမ်းပွဲတွင် ခြေစွမ်းပြခဲ့သည့် ရက်ရှ်ဖို့ဒ်နှင့် လော့ဖ်တပ်ချိဖ်တို့အား အင်္ဂလန်နည်းပြဆောက်ဂိတ် ချီးကျူး

 

 


နောက်ဆုံးရသတင်းများ

1 2 3 3,742