ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ ကော့မှူးမြို့နယ်အတွင်း ဘက်စုံသုံးဆိပ်ကမ်းသစ်တစ်ခု တည်ဆောက်ရန်ကိစ္စ အခြေခံအဆောက်အအုံများ ပြည့်စုံစွာဆောင်ရွက်ပြီးမှသာ အကောင်အထည်ဖော်သင့်ဟု လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

■ ပြည်နယ်အစိုးရ၏ ညွန်ကြားချက်ဖြင့် ပညာရေးဌာနက၆၆(ဃ)ဖြင့် အမှုဖွင့်ခဲ့သည့် ရခိုင်အမျိုးသား ပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စစ်တွေမြို့မရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့ပြီး အာမခံရရှိခဲ့

■ မြန်အောင်မြို့နယ်တွင် ဆင်စွယ်နှင့်တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းအများအပြား သိမ်းဆည်းရမိ

■ ပုဂံတွင် မိုးရွာသွန်းမှုကြောင့် မြင်းကပါကျေးရွာအနီးမှ စေတီတစ်ဆူ ပြိုကျပျက်ဆီးခဲ့

■ အဆိုတော်အစ္စဏီအား ပုဒ်မ ၃၇၆ အပါအဝင်ပုဒ်မ ၃ ခုဖြင့်တရားစွဲဆိုမှု တာမွေမြို့နယ်တရားရုံးတွင် ဆက်လက်ရုံးထုတ်

■ ၀န်ကြီးချုပ်ဟောင်းနာဂျစ်နှင့် အနီးကပ်ရှိခဲ့သည့် ဘဏ္ဍာရေးကျွမ်းကျင်သူတစ်ဦးကိုဖမ်းဆီးရန် ကြိုးပမ်းနေဟု မလေးရှားဝန်ကြီးချုပ် မဟာသီယာအတည်ပြု

■ မြောက်ကိုရီးယားခေါင်းဆောင် ပုံစံတုပပြုမူသူ သြစတြေးလျ-တရုတ် ကပြားတစ်ဦးကို စင်ကာပူအာဏာပိုင်များ စစ်ဆေးမေးမြန်း၍ သတိပေးပြောဆိုခဲ့

■ CNN မှ အစားအစာဆိုင်ရာ အစီအစဉ်တင်ဆက်သူ နာမည်ကျော် စားဖိုမှူး အန်တိုနီဘော်ဒိန်း ကြိုးဆွဲချ သတ်သေသွားခဲ့

■ အယ်ဂျီးရီယားအသင်းနှင့်ပွဲတွင် ရော်နယ်လ်ဒိုခြေစွမ်းပြခဲ့သလိုပွဲအပြီး ကလေးချင်း ဘောလုံးကစားရာတွင်လည်း ၎င်း၏သားဖြစ်သူက အပြင်းကန်ချက်၊ Acrobatic ကန်ချက်တို့ဖြင့် ဂိုးသွင်းယူခဲ့

■ မြန်မာ ယူ-၁၉ အသင်း စင်ကာပူကလပ် Albirex Niigata အသင်းနှင့်ပူးတွဲလေ့ကျင့်၍ စင်ကာပူယူ-၂၃ အသင်းနှင့်ခြေစမ်းပွဲ ကစားမည်

 

 


နောက်ဆုံးရသတင်းများ

1 2 3 3,132