ဇွန်လ ၉ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ ရန်ကုန်တိုင်းအတွင်း တရားဥပဒေ ချိုးဖောက်မှုများကို ပိုမိုထိရောက်စွာ အရေးယူပေးရန်နှင့် တာဝန်မကျေသည့် ဌာနများကို အရေးယူပေးရန် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

■ ဥရောပ နိုင်ငံများမှ ခရီးသွားများ မြန်မာ နိုင်ငံသို့ ၀င်ရောက်မှု ယခင်နှစ်ထက် ၄၀ ရာခိုင်နှုန်းအထိ ကျဆင်း နိုင်ခြေရှိဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ပြော

■ ထိုင်းနိုင်ငံရောက် မြန်မာ အပါအ၀င် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် အထောက်အထား အပြည့်အစုံပြုလုပ်ရမည်ဖြစ်ပြီး ဇူလိုင် ၁ ရက်တွင် ထိုင်းနိုင်ငံတစ်ဝန်း အထူးစစ်ဆေးရေး ပြုလုပ်မည်

■ ဒီပဲယင်းမြို့ နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာ(၈)ရွာရှိ စပါးနှင့်နှမ်းစိုက်ခင်းများ ရေကြီးနစ်မြုပ်

■ ရှမ်းပြည်နယ်ညောင်ရွှေမြို့တွင် ပုဂ္ဂလိက အမှိုက်သိမ်းဆည်းရေး လုပ်ငန်းစနစ် အဆင့်မြှင့်တင်နိုင်ရန် ဆောင်ရွက်နေဟု မြို့နယ်စည်ပင်သာယာရေး ကော်မတီပြော

■ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ၆၀ ဦးကို နိုင်ငံမှ နှင်ထုတ်ရန်နှင့် ဗလီ ၇ ခုကို ပိတ်ပစ်ရန် သြစတြီးယား အာဏာပိုင်များ စီစဉ်

■ မျိုးသုဉ်းပျောက်ကွယ်တော့မည့် အခြေအနေများကြောင့် ကာကွယ်ပေးထားရသည့် ရှားပါးတိရစ္ဆာန် ၆၀၀ ကျော်ကို မလေးရှားနိုင်ငံတွင် ဖမ်းဆီး သိမ်းယူနိုင်ခဲ့

■ ချီမူ ယဉ်ကျေးမှု ထွန်းကားစဉ်အချိန်က စတေးခံခဲ့ရသည့် ကလေး ၅၆ ဦး၏ ရုပ်ကြွင်းများကို ပီရူးနိုင်ငံတွင် ရှာဖွေတွေ့ရှိ

 


နောက်ဆုံးရသတင်းများ

1 2 3 3,137