ဇွန်လ ၉ ရက်နေ့ ညပိုင်း သတင်းအစီအစဉ်

■ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အဂတိလိုက်စားထားကြောင်း ခိုင်လုံသော အထောက်အထား မရှိခဲ့ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် သတင်းစာ ရှင်းလင်း

■ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖြတ်ကျော် ဝင်ရောက်ဖွယ်ရှိ ဟု မိုး/ဇလ တာဝန်ရှိသူပြော

■ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တောမြို့နယ်အတွင်း ပိတ်ထားခဲ့ရသည့် ကျောင်းများအနက် ၁၁၉ ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြား

■ စစ်ဘေးရှောင် ၇ နှစ်ပြည့် အခမ်းအနား မြစ်ကြီးနားတွင်ကျင်းပပြီး စစ်ရှောင်စခန်း ၃၀ ကျော်မှ စစ်ဘေးဒုက္ခသည် ထောင်ချီတက်ရောက်

■ ထိပ်သီး အစည်းအဝေးအတွက် စင်ကာပူသို့ရောက်ရှိရန် နဂို စီစဉ်ထားသည့်အချိန်ထက် ဒေါ်နယ်ထရန့် စောရောက်နိုင်ခြေရှိ

■ ပနားမားသမ္မတဟောင်းကို လွှဲပြောင်းပေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု

■ တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ၅ ဦး သေဆုံး

■ အိဒ်ပွဲတော်ကာလ ၃ ရက်တာကို အပစ်အခတ်ရပ်စဲထားမည် ဖြစ်ကြောင်း တာလီဘန်စစ်သွေးကြွ အဖွဲ့ ကြေညာ

■ မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးသည့် ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ်က ချယ်လ်ဆီးအသင်းကို ၀ယ်ယူရန် ကြိုးပမ်းမှုအား အေဘရာမိုဗစ်ခ်ျ ပယ်ချ

■ ဗီယက်နမ်နိုင်ငံတွင် ကမ္ဘာ့ဖလား ချန်ပီယံဆု ဖလား ပုံတူရောင်းချမှု မြင့်တက်နေ

 


နောက်ဆုံးရသတင်းများ

1 2 3 3,742