ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်ဘက်ဆေးပညာရပ်များ အပြန် အလှန်ဖလှယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

■ ရခိုင်အရေးနှင့်ပတ်သက်ပြီး UNHCR နှင့် ရေးထိုးထားသည့် စာချုပ်ထဲတွင် မည်သည့်အချက်များ ပါဝင်သည်ကို ပြည်သူများကို ချပြသင့်ဟု ဒေါက်တာရင်ရင်နွယ် ပြောကြား

■ လေဖိအားနည်းရပ်ဝန်း အရှိန်နှင့် မုတ်သုံလေအား အလွန်ကောင်းနေခြင်းကြောင့် မြန်မာနိုင်ငံအနှံ့အပြား မိုးရွာသွန်းမှုများ ဖြစ်ပေါ်ကာ ဒေသအချို့ မိုးကြီးဖွယ်ရှိ

■ Mytel Sim Card အသုံးပြုသူ တစ်သိန်းကျော်ရှိနေပြီး ဈေးကွက်အတွင်း Sim Card သုံးသန်း ဖြန့် ဝေထားဟု ကုမ္ပဏီတာဝန်ရှိသူ ပြောကြား

■ ကယားပြည်နယ်အတွင်းက ပညာသင်ကြားရန် အခက်အခဲဖြစ်နေသော ကလေးများအတွက် ကျောင်းပညာရပ်အပြင် အသက်မွေးဝမ်းကျောင်းမှု ပညာရပ်များကိုပါ သင်ပေးသော စင်တာဖွင့်လှစ်

■ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံငါးနိုင်ငံကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲခွဲရွေးချယ်

■ ထရန့်-ကင်မ်ထိပ်သီး အစည်းအဝေးအပြီး အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မိုက်ခ်ပွန်ပေယို တောင်ကိုရီးယားသို့ သွားမည်

■ တိုက်စစ်မှူးအောင်သူကို ဥရောပကလပ်များတွင် သွားရောက်ကစားနိုင်ရန် မျှော်မှန်းထားဟု ရတနာပုံ အသင်း ပိုင်ရှင် ပြောကြား

■ အင်္ဂလန်အမျိုးသမီး လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ကေစီစတိုနီအား အမျိုးသမီးအသင်း ပထမဆုံးနည်းပြအဖြစ် မန်ချက်စတာယူနိုက်တက် ခန့်အပ်

 


နောက်ဆုံးရသတင်းများ

1 2 3 3,137