ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ ရခိုင်ပြည်နယ်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမည်ဆိုပါက ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ရေး ပြန်လည်စဉ်းစားပေးရန် အရေးကြီးအဆို ပြည်သူ့လွှတ်တော်တွင် ယနေ့ ဆွေးနွေး ဆုံးဖြတ်မည်

■ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုမှု မြင်းခြံ မဲဆန္ဒနယ်မှလွဲ၍ ကျန် ၁၂ နေရာတွင် ပြီးစီးပြီဟု ဆို

■ မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် တောင်ကုတ်မြို့အတွင်း မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေ

■ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာ အလယ်တန်းကျောင်းတွင် ကုမ္ပဏီမှ အဆောင်သစ် ဆောက်လုပ်နေမှု အရည်အသွေး မမီဟုဆိုကာ တိုင်ကြားမှုကြောင့် လွှတ်တော်ကော်မတီ ကွင်းဆင်း စစ်ဆေး

■ ပိတ်သိမ်းခံရသော မိုးထိမိုးမိ ရွှေလုပ်ကွက်ဒေသ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေး ကုမ္ပဏီလုပ်သားများ ဆန္ဒထုတ်ဖော်

■ ထိပ်သီးတွေ့ဆုံပွဲအတွက် မြောက်ကိုရီးယား ခေါင်းဆောင်နှင့် အမေရိကန်သမ္မတတို့ ရောက်ရှိလာပြီးနောက် စင်ကာပူတွင် လုံခြုံရေး အလွန်တင်းကြပ်စွာ ချထား

■ ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများကို သတိရအောက်မေ့စေရန် နယူးဒေလီမြို့တော်တွင် ချီတက်ဆန္ဒပြပွဲပြုလုပ်

■ ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာကျော် တင်းနစ်ကစားသမား ရာဖေးနာဒယ် ၁၁ ကြိမ်မြောက် ဗိုလ်စွဲ

■ မြန်မာနိုင်ငံ စစ်တုရင်တံခွန်စိုက်ချန်ပီယံ ဝင်းဇော်ထွန်းက စစ်တုရင်ကစားသမား(၃၀)ဦးနှင့် တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစား

 


နောက်ဆုံးရသတင်းများ

1 2 3 3,447