ဇွန်လ ၁၁ ရက် နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ NLD ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအတွက် ကိုယ်စားလှယ်များ ရွေးချယ်မှုအားလုံး ပြီးစီးလုနီးပြီဖြစ်ပြီး အခမ်းအနားကျင်းပရေးဆပ်ကော်မတီများကို ဇွန် ၁၀ ရက်တွင် ဖွဲ့စည်း

■ ဘင်္ဂလားဒေ့ရှ် ကမ်းခြေတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အားလျော့သွားပြီ ဖြစ်သော်လည်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အလွန်ကောင်းနေ

■ ဂျပန်အစိုးရ ထောက်ပံ့ငွေဖြင့် တည်ဆောက်မှု ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည့် သာကေတတံတားသစ် (ဒေါပုံ) သြဂုတ်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး လက်ရှိတွင် ယာယီအသုံးပြုခွင့် ပေးထား

■ အင်းလေးကန် အနောက်ဘက်ခြမ်းတောင်ခြေရှိ ခေါင်တိုင်တိုက်နယ်အတွင်း ကျေးရွာများတွင် တောင်ကျချောင်းရေများကြောင့် နှစ်စဉ်ရေနစ်မြုပ်ပြီး လက်မှုလုပ်ငန်းများ ထိခိုက်နေရဟုဆို

■ မန္တလေးမြို့တွင် Prince & Princess Upper Myanmar 2018 ဆယ်ကျော်သက်အရွယ် မော်ဒယ် ပြိုင်ပွဲကျင်းပ

■ Box Office ၏ တစ်ပတ်တာအတွင်း ၀င်ငွေအကောင်းဆုံး စာရင်းတွင် Ocean’s 8 ရုပ်ရှင်ဇာတ်ကား ဦးဆောင်

■ ဆန္ဒမဲပုံးများကို သိုလှောင်ထားသည့် အကြီးဆုံးဂိုဒေါင်ကြီး မီးလောင်မှုသည် ကြံစည်မှုတစ်ခု ဖြစ်သည်ဟု အီရတ်ဝန်ကြီးချုပ် ပြောကြား

■ ရိုမာရီယို၏ ဘရာဇီးလက်ရွေးစင် သွင်းဂိုးအရေအတွက်ကို နေမာ လိုက်မီခဲ့ပြီး ဘရာဇီးလ်အသင်း သမိုင်းတစ်လျှောက် တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာ

 


နောက်ဆုံးရသတင်းများ

1 2 3 3,137