ဇွန်လ ၁၁ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်

■ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ပြီး ထိပ်သီးအစည်းအဝေးနှစ်ခုလည်း တက်ရောက်မည်

■ တရားဥပဒေစိုးမိုးရေးကို အားနည်းချည့်နဲ့စေသော တာဝန်မကျေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား မျက်ကွယ်ပြုမနေဘဲ စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်ရန် လိုအပ်ဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

■ မန်းချောင်းအထက်ပိုင်းရှိ အိုင်းမ ရေလွှဲဆည်ထိပ်တွင် ရေကြီးရေအမှတ်ထက် ကျော်လွန်နေပြီး ရွှေစက်တော်ဘုရား အောက်ခြေတော်ရာ တန်ဆောင်းပေါ်သို့ ရေကျော်နေကြောင်း ချောင်းနံဘေးနေသူများကို သတိပေး

■ မကွေး – ကံပြား – နေပြည်တော် ကားလမ်းရှိ ချောင်းရေကျော်များတွင် ရေစီးသန်လွန်းနေမှုကြောင့် ခရီးသည်တင်ယာဉ်များ အပါအ၀င် ယာဉ်အစီးရေများစွာ ရပ်တန့် စောင့်ဆိုင်းနေရ

■ FDA ဝန်ထမ်း အမျိုးသမီးအား သားမယားပြုကျင့် သတ်ဖြတ်ခဲ့သည်ဆိုသည့် အငှားယာဉ်မောင်းကို ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၇၇ ဖြင့်ပါ ထပ်မံစွဲချက်တင်ပေးရန် တရားလိုရှေ့နေ လျှောက်ထားမှု တရားရုံးမှ ပယ်ချ

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့ တွေ့ဆုံ

■ ဟောင်ကောင်လွတ်လပ်ရေး လှုပ်ရှားမှုခေါင်းဆောင် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံရ

■ ထရန့်-ကင် ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ သဘောထားကွဲလွဲမှုများကို လျှော့ချရန် အမေရိကန်နှင့် မြောက်ကိုရီးယား အဆင့်မြင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

■ အာဖဂန်နစ္စတန်နိုင်ငံတွင် ငြိမ်းချမ်းရေးအတွက် ခရီးရှည် ခြေလျင် ဆန္ဒပြ ချီတက်

■ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှ အာဂျင်တီးနားအသင်း၏ ရလဒ်အပေါ် မူတည်၍ လက်ရွေးစင်ကစားမားဘ၀ အနာဂတ်ကို မက်ဆီ ဆုံးဖြတ်မည်

 


နောက်ဆုံးရသတင်းများ

1 2 3 3,447