ဇွန်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ ငါးနှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ သုံးသန်းကျော်အနက် တစ်သန်းကျော်သာ အောင်မြင်ပြီး ကျရှုံးမှု များပြားခြင်းသည် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုများစွာဖြစ်ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

■ ခြင်္သေ့ပုံပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အလံအမှတ်အသား တံဆိပ်နှင့် ရင်ထိုးတံဆိပ်တို့မှာ ပါတီတစ်ခု၏ အမှတ်အသားနှင့် တူနေသည့်အတွက် ပြောင်းလဲပေးရန် လွှတ်တော်တွင် အဆိုတင်

■ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်ခွင့်ရရှိသည့် အနိုင်ရနိုင်ငံရေးပါတီ ၂၃ ပါတီညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများကို ကြိုတင်ပြင်ဆင်ရန် မြိတ်မြို့တွင် တွေ့ဆုံဆွေးနွေး

■ ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းနှင့်ပတ်သက်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆောက်လုပ်ရေးဝန်ကြီးဌာနကို အကြံပြုစာ ပေးပို့ထား

■ တက္ကသိုလ်ဝင်တန်း စာမေးပွဲရမှတ်များကို ပြန်လည်စိစစ်ပေးရန် Complain လျှောက်လွှာတင်မှုကို ဇူလိုင်လအတွင်း လက်ခံပေးသွားမည်

■ “ချယ်ရီတွေ ဝေဆာလှပစွာပွင့်မည့် မန္တလာည” ရန်ပုံငွေ တေးဂီတ ဖျော်ဖြေပွဲ ကျင်းပမည်

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့၏ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ စတင်ကျင်းပ

■ ထိုင်းနိုင်ငံတွင် စွန့်ပစ်ပလတ်စတစ် အမြောက်အများ စားသုံးမိခဲ့သည့် လိပ်တစ်ကောင်သေဆုံးခဲ့ပြီး ပင်လယ်ပြင် ပလတ်စတစ်အန္တရာယ် ပိုမိုသိသာ ထင်ရှားလာ

■ ၂၀၁၈ တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၏ အထက်မြန်မာပြည်တက္ကသိုလ်များမှ ဇုန်ကိုယ်စားပြုအလိုက် အသင်းများ၏ ဆီမီးဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်ခဲ့

 


နောက်ဆုံးရသတင်းများ

1 2 3 3,742