ဇွန်လ ၁၂ ရက်နေ့ ညပိုင်းသတင်း အစီအစဉ်

■ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး စကုမြို့တွင် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

■ သင်္ချာနှင့်သိပ္ပံဘာသာရပ်များကို နှစ်ပေါင်း ၃၀ ကျော် အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားနေခြင်းသည် အောင်မြင်သော မူဝါဒ ဟုတ်/မဟုတ် ဆန်းစစ်ရန်လိုအပ်နေဟု လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

■ ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုမရှိဘဲ မြေဈေးကစားရန်အတွက်သာ ၀ယ်ယူထားသည့် မြေများကို ပြန်လည်လွှဲယူသွားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

■ ဝင်ခွင့်ပုံစံပြောင်းလဲသော တက္ကသိုလ် ၁၁ ခုအနက် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ဝင်ခွင့် စတင်ကြေညာ

■ အမေရိကန်-မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးပွဲရလဒ်အဖြစ် သဘောတူညီမှုတစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြ

■ မြောက်ကိုရီးယားခေါင်းဆောင်နှင့် အမေရိကန်သမ္မတတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း ဂရုတစိုက် စောင့်ကြည့်ခဲ့

■ မလေးရှားဘုရင်မင်းမြတ်က နိုင်ငံ၏စီးပွားရေးအခြေအနေကို ငဲ့ကွက်သည့်အနေဖြင့် ၎င်း၏လစာကို ၁၀ ရာခိုင်နှုန်း လျှော့ယူမည်ဟုဆို

■ အငြင်းပွားဖွယ် ဆိုက်ဘာလုံခြုံရေး ဥပဒေတစ်ရပ်ကို ဗီယက်နမ်လွှတ်တော်အမတ်များ ထောက်ခံအတည်ပြု

■ လိင်ပိုင်းဆိုင်ရာ မှတ်ချက်အတွက် စပိန်ဝန်ကြီးချုပ်ကို ဒီဂီယာက လူသိရှင်ကြား ပြန်လည်တောင်းပန်ခိုင်း

■ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါက မိုင်ပေါင်း(၉)ထောင်ကျော် ခရီးနှင်ရမည်

 


နောက်ဆုံးရသတင်းများ

1 2 3 3,137