ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ မြန်မာနိုင်ငံသို့ ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံများကို ဗီဇာစနစ်များ ဖြေလျှော့ရန် စီစဉ်နေဟု ဒုတိယသမ္မတ(၂) ပြောကြား

■ ရန်ကုန်တိုင်းအစိုးရအနေဖြင့် မဖြစ်သင့်မဖြစ်ထိုက်သည်များကို အိပ်မက်လှလှမက်နေမည်ဆိုပါက ၂၀၂၀ အပေါ် သက်ရောက်မှုရှိသွားနိုင်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် သတိပေး

■ တက္ကသိုလ်ဝင်ခွင့်များကို ဇွန် ၂၆ ရက်မှစတင်၍ တက္ကသိုလ်/ဒီဂရီကောလိပ် ၂၃ ခုတွင် လျှောက်ထားနိုင်

■ ပဲခူးမြို့ Bellmart Myanmar အထည်ချုပ်စက်ရုံမှ လုပ်သား ၄၀၀ ခန့် ထိုင်သပိတ်ဖြင့် ဆန္ဒပြ

■ ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ရွှေဆိုင်ကိုအနုကြမ်းစီးကာ ဆိုင်ရှင်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို ဖမ်းဆီးရမိ

■ ထိပ်သီးဆွေးနွေးပွဲအပြီး နာရီအနည်းငယ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင်နှင့် အမေရိကန်သမ္မတတို့ စင်ကာပူနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့

■ အမေရိကန်နှင့် နျူကလီးယား သဘောတူညီမှုရရှိခဲ့သည့် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ဖြေလျှော့ပေးရန် တရုတ်အစိုးရ အကြံပြု

■ ရုရှားနိုင်ငံတွင် ပင်လယ်အပျော်ခရီး ထွက်လာသည့် သင်္ဘောနှင့် ဆွဲသင်္ဘောတစ်စင်း တိုက်မိခဲ့ရာ လူ ၁၁ ဦး သေဆုံး

■ တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘောကြီး ဆောက်လုပ်ပြီးစီး

■ ခြေစမ်းပွဲတွင် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့ တစ်ဂိုးစီ သရေကျ

 


နောက်ဆုံးရသတင်းများ

1 2 3 3,720