ဇွန်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံဖြစ်ပွားမှုများကြောင်း တိုင်းနှင့် ပြည်နယ်အချို့တွင် စာသင်ကျောင်းများ ပိတ်ထားရပြီး နေအိမ်နှင့် သစ်ပင်များ လဲကျ ပျက်ဆီးမှုများ ဖြစ်ပေါ်

■ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အလွန်ကောင်းနေသည့်အတွက် တစ်နိုင်ငံလုံးတွင် မိုး ဆက်လက် ရွာသွန်းမည်

■ နေပြည်တော် ကျောက်မျက်ပြပွဲကြောင့် မန္တလေးကျောက်ဝိုင်းသို့ နိုင်ငံခြားသားဝယ်လက် အဝင်နည်းသော်လည်း ကျောက်စိမ်း ဈေးကွက် ပုံမှန် အရောင်းအဝယ် ဖြစ်နေ

■ နှစ်နှစ်တာကာလအတွင်း SMEs လုပ်ငန်းအဖြစ် မှတ်ပုံတင်မှုအရေအတွက် နှစ်သောင်းခန့် တိုးတက်လာ

■ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အိမ်ထောင်စုများ၏ ရာခိုင်နှုန်း ၈၀ ကျော် ဓာတ်အား မရသေးဖြင့် ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်နေ

■ စင်ကာပူ ထိပ်သီးအစည်းအဝေးက ကမ္ဘာကြီးကို နျူကလီးယားဘေး မဆိုက်အောင် ကယ်တင်နိုင်ခဲ့ဟု ဒေါ်နယ်ထရန့် ပြော

■ ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီနှင့် ဇနီး သြစတြေးလျနှင့် နယူးဇီလန် အပါအ၀င် နိုင်ငံလေးနိုင်ငံသို့ အလည်အပတ် သွားရောက်မည်

■ လေးနိုင်ငံ ဖိတ်ခေါ် Alpine Cup 2018 ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းအား အမေရိကန်ဒေါ်လာတစ်သောင်း ချီးမြှင့်မည်

■ ASEAN Free Style Skating Championship ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ကစားသမား ငါးဦး ၀င်ရောက်ယှဉ်ပြိုင်မည်

 


နောက်ဆုံးရသတင်းများ

1 2 3 3,445