ဇွန်လ ၁၃ ရက် ညပိုင်း သတင်းအစီအစဉ်

■ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပစိဖိတ်ရေးရာဝန်ကြီးတို့ တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးနှင့် ရခိုင်အရေးများ ထည့်သွင်းဆွေးနွေး

■ ပြည်တွင်းပြည်ပ ပညာရှင်များ ပါဝင်သော စီးပွားရေး ညီလာခံတစ်ရပ် ကျင်းပပြီး အမှန်တကယ် အလုပ်ဖြစ်နိုင်မည့် မဟာဗျူဟာတစ်ရပ် ဖော်ထုတ်နိုင်ရန် အစီအစဉ်ရှိ မရှိ ပြည်သူ့လွှတ်တော်တွင် မေးမြန်း

■ မိုးသည်းထန်မှု၊ လေပြင်းတိုက်မှုတို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အဆောက်အဦနှင့် လမ်း၊ တံတားပျက်စီးမှု၊ ရေနစ်မြုပ်မှု၊ ဆည်ရေကျော်မှုများ ဖြစ်ပေါ်နေပြီး လူသေဆုံးမှု၊ ပျောက်ဆုံးမှုအချို့လည်း ရှိခဲ့

■ တောင်ကျချောင်းရေ စံချိန်တင်မြင့်တက်မှုကြောင့် အင်္ဂပူမြို့နယ်၌ မမြချောင်း မြောက်ဘက်ကမ်းတာဘောင် ကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာအချို့နှင့် စိုက်ဧကများ ရေကြီးနစ်မြှပ်မှု ဖြစ်ပေါ်

■ လာမည့် ရက်ပိုင်းအတွင်း ချင်းတွင်းမြစ်၊ ကုလားတန်မြစ်နှင့် လေးမြို့မြစ်ရေများ စိုးရိမ်ရေမှတ် ရောက်ရှိလာမည်ဖြစ်ကြောင်း မိုး/ဇလ တာဝန်ရှိသူပြောကြား

■ ထရန့်နှင့် ကင်တို့၏ စင်ကာပူ သဘောတူညီချက်သည် စစ်အေးခတ် နောက်ဆုံးလက်ကျန် ပဋိပက္ခကို အဆုံးသတ်နိုင်သည့် သမိုင်းဝင်ဖြစ်ရပ်ဟု တောင်ကိုရီးယားသမ္မတ ဂုဏ်ပြုပြောဆို

■ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များ သန့်စင်ရေးအတွက် မလေးရှားအစိုးရသစ်၏ လုပ်ဆောင်မှုများအတွင်း ထိပ်တန်းတရားသူကြီး ၂ ဦး ရာထူးမှ နုတ်ထွက်မည်

■ ယီမင်ရှိ ဟိုဒီဒါဆိပ်ကမ်းမြို့ကို ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်မှုများ စတင်ပြုလုပ်

■ ပြိုင်ဖက် နိုင်ငံရေးသမားတစ်ဦးကို ပြန်ပေးဆွဲခဲ့သည်ဆိုသော စွပ်စွဲချက်ကြောင့် အီကွေဒေါသမ္မတဟောင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန် စီစဉ်

■ မက္ကဆီကို ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များက ဒိုင်နိုဆောမျိုးစိတ်သစ် တစ်မျိုးကို ရှာဖွေတွေ့ရှိ

■ အနာဂတ်တွင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ရရှိမည့်သူအဖြစ် ဆာလာကို စီရော်နယ်လ်ဒို ရွေးချယ်

 


နောက်ဆုံးရသတင်းများ

1 2 3 3,132