ဇွန်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် စစ်တောင်း၊ ချင်းတွင်း၊ သံလွင်၊ င၀န်နှင့် ကုလားတန်မြစ်တို့ စိုးရိမ်ရေမှတ်နီးကပ်နေကာ မြောက်ဦးမြို့အနီး လေးမြို့မြစ်မှာ စိုးရိမ်ရေမှတ် ရောက်ရှိ

■ ရဲတံခွန်စီမံကိန်းမှ မြန်မာ့ပင်လယ်ပြင်အတွင်း M-12,M13 နှင့် M-14 လုပ်ကွက်များတွင် ရေနံတွင်းများ ထပ်မံ စမ်းသပ်တူးဖော်မည်

■ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းလာမှုကြောင့် မောင်တောမြို့မြောက်ပိုင်း သစ်တုံး နားခွဆုံ ကျေးရွာသစ်ရှိ နေအိမ်များ ရေဝင်နစ်မြုပ်ပြီး အိမ်ထောင်စု ၃၀ ကျော် ပြောင်းရွှေ့ထားရ

■ ဆန်ကွဲ၊ ဖွဲနုများကို ပြည်ပသို့ တင်ပို့လာခြင်းကြောင့် ဈေးကွက်အတွင်း ငါး၊ ပုဇွန် မွေးမြူရေး အစာ ရှားပါးလာဟု ဆို

■ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းတွင် ခရီးသည်တင် စက်လှေတစ်စီး တိမ်းမှောက်ခဲ့ပြီး ခရီးသည်တစ်ဦး သေဆုံး

■ ရန်ကုန်ပညာရေးတက္ကသိုလ် ဝင်ခွင့်လျှောက်ထားမှုကို ဇွန်လ ၁၅ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ဝင်ခွင့်အတွက် နှုတ်ဖြေစစ်ဆေးမှု ပြုလုပ်သွားမည်

■ ရုရှားအစိုးရကို ကာလကြာရှည် ဝေဖန်ပြောဆိုနေခဲ့သည့် ဗြိတိန်အဆိုတော် ရောဘီဝီလီယံ ကမ္ဘာ့ ဖလားဖွင့်ပွဲတွင် သီဆိုဖျော်ဖြေရန် ဆုံးဖြတ်မှုမှာ ယုံကြည်ချက်ကို ချရောင်းခဲ့ခြင်းဖြစ်ဟု ရုရှားအစိုးရ ဝေဖန်

■ မင်းသားကြီး စတားလုံးနှင့် ပတ်သက်သည့် အဓမ္မမှုတစ်ခုအား စစ်ဆေးလေ့လာနေကြောင်း လော့စ်အိန်ဂျလိစ် လိင်ပိုင်းဆိုင်ရာ မှုခင်းအဖွဲ့ ပြောဆို

 


နောက်ဆုံးရသတင်းများ

1 2 3 3,132