ဇွန်လ ၁၄ ရက် ညပိုင်း သတင်းအစီအစဉ်

■ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့

■ ဆရာလိုအပ်လာပါက ဘွဲ့ရဆရာများဖြင့် အစားထိုး ဖြည့်ဆည်းသည့် လတ်တလော ဖြေရှင်းမှုများကြောင့် ရေရှည်ပညာရေးအတွက် ကြီးမားသည့် အန္တရာယ်ဖြစ်လာမည်ကို တွေ့မြင်လာရကြောင်း လွှတ်တော်ကိုယ်စားလှယ် ထောက်ပြဆွေးနွေး

■ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေနစ်မြုပ်မှု၊ မြေပြိုမှုနှင့် ဆည်ရေကျော်မှုများ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုအချို့ ရှိခဲ့

■ တောင်ကျချောင်း ရေလျှံမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃) မြို့နယ်မှ စာသင်ကျောင်းပေါင်း ၃၄ ကျောင်း ပိတ်ထားရဆဲဖြစ်

■ ချင်းတွင်းမြစ်ရေနှင့် စစ်တောင်းမြစ်ရေများ နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်

■ နျူကလီးယားလက်နက် ဖျက်သိမ်းခြင်း လုပ်ငန်းစဉ်အား အမြန်ဆောင်ရွက်ရမည်ကို မြောက်ကိုရီးယားခေါင်းဆောင် နားလည်သိရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

■ လူအများအပြား သေဆုံးခဲ့သည့် ဂါဇာအရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစ္စရေးကို ပြစ်တင်ရှုတ်ချ

■ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းအနီးတွင် စက်လှေတစ်စီး တိမ်းမှောက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံး

■ အီရတ်ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခများအပေါ် အီရတ်ပြည်သူများ စိုးရိမ်ပူပန်နေ

■ ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း ပုံစံကောင်းပြနိုင်မည် ဖြစ်သော်လည်း ကွာတားဖိုင်နယ်တွင် ဘရာဇီးလ်ကို ရှုံးနိမ့်၍ ပြိုင်ပွဲမှ ထွက်ခွာရမည်ဟု မော်ရင်ဟို ခန့်မှန်း

 


နောက်ဆုံးရသတင်းများ

1 2 3 3,742