Public Voice (ရုပ်သံ အစီအစဉ်)

မြန်မာ့ပညာရေးစနစ်ရဲ့ တက္ကသိုလ်ဝင်ခွင့်ဆိုတာ ဖြေဆိုအောင်မြင်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲရမှတ်အပေါ် မူတည်ရွေးချယ်ရတဲ့ စနစ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်ပညာရေးဝန်ကြီးဌာနက လာမယ့်ပညာသင်နှစ်ကစပြီး တက္ကသိုလ် ၁၁ ကျောင်းအတွက် တက္ကသိုလ်ဝင်ခွင့် ပုံစံတွေကိုပြောင်းလဲ လိုက်ပြီဖြစ်ပါတယ်။

ပြောင်းလဲလိုက်တဲ့စနစ်ရဲ့တက္ကသိုလ်ဝင်ခွင့်ဟာ တက္ကသိုလ်ဝင်တန်းရမှတ်တခုတည်းနဲ့ ဆုံးဖြတ်မှာမဟုတ်ဘဲ ကျောင်းသားတွေက တက္ကသိုလ်တွေကို တိုက်ရိုက်လျှောက်ထားပြီး သက်ဆိုင်ရာတက္ကသိုလ်ရဲ့ တာဝန်ရှိသူတွေက လူတွေ့စစ်ဆေးမှုတွေနဲ့ ရွေးချယ်နိုင်တဲ့စနစ် ဖြစ်ပါတယ်။

စတင်ကျင့်သုံးတော့မယ့် ဒီစနစ်သစ်အပေါ်ဆရာ၊ မိဘ၊ ကျောင်းသား ကျောင်းသူတွေက ဘယ်လိုအမြင်တွေ ရှိနေလဲဆိုတာ Eleven Broadcasting ရဲ့ Public Voice အစီအစဉ်ကနေ မေးမြန်းတင်ဆက်ထားပါတယ်။

 

 


နောက်ဆုံးရသတင်းများ

1 2 3 3,728