ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးမှုများ လျော့နည်းစေဖို့….. (ရုပ်သံအစီအစဉ်)

၂၀၁၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာဆိုရင် နှစ်စဉ် လူဦးရေများစွာ တစ်ပြိုင်နက် ဒုက္ခရောက်စေတဲ့ သဘာဝဘေးအခြေအနေ တစ်ရပ်ကတော့ မိုးတွင်းကာလ “ရေကြီးမှု” ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ လူဦးရေ ၂၅ သိန်းကျော်ဟာ ရေဘေးဒဏ်သင့်ခဲ့ရပြီး ယခုနှစ်မိုးဦးကာလမှာလည်း ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ လေးသောင်းကျော် ရေဘေးဒဏ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရေဘေးဒဏ်ကို နှစ်စဉ်ခံစားနေရတာကြောင့် အစိုးရအနေနဲ့ ရေဘေးအန္တရာယ် ကြုံလာမှ ကူညီကယ်ဆယ်ပေးခြင်းထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ဆောင်ရွက်ထားဖို့အတွက် ဒေသတွင်း ကူညီကယ်ဆယ်ရေး လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းနေပါတယ်။

 


နောက်ဆုံးရသတင်းများ

1 2 3 3,728