ဇူလိုင် ၁၃ ရက်နေ့ ညပိုင်း သတင်းအစီအစဉ်

■ မြောက်ပိုင်းခုနစ်ဖွဲ့နှင့် မကြာခဏ တွေ့ဆုံနိုင်ရန် စီစဉ်ထားဟု ငြိမ်းချမ်းရေး ကော်မရှင် ဒုဥက္ကဋ္ဌ ပြော

■ ဆေးရုံတင်ထားရသည့် UWSA ဒုဥက္ကဋ္ဌနှစ်ဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ဦးပေါက်ယူရိကို တပ်မတော်ဘက်က နှလုံးအထူးကုဆရာဝန်ကြီးများဖြင့် ကုသပေးနေ

■ မြန်မာနိုင်ငံတွင် ငလျင်ကြီးတစ်ခုနှင့် တစ်ခု လှုပ်ခတ်ချိန်ကွာဝေးမှု (၁၀၈) နှစ်ရှိပြီး ကျန်ငလျင်ငယ်များမှာ အဆိုပါကြားကာလအတွင်း လှုပ်ခတ်တတ်ကြောင်း မြေငလျင်ကော်မတီ အကြံပေးအဖွဲ့ဝင် ပြောကြား

■ အင်းစိန်ဆေးရုံကြီး ၀န်းကျင်တွင် ဈေးမရောင်းရန် ခေါ်ယူအသိပေးခံထားရသည့် လမ်းဘေး ဈေးသည်များက ဆေးရုံအုပ်ကြီးထံ အသနားခံစာ တင်ထားသော်လည်း ပြန်အကြောင်းကြားခြင်း မရှိသေးဟုဆို

■ ကင်ဂျုံအန်ပေးပို့လိုက်သည့် စာကို အလွန်ကောင်းမွန်သည့်စာဟု သမ္မတဒေါ်နယ်ထရန့် ချီးကျူး

■ ထမ်လွန်လိုဏ်ဂူမှ လွတ်မြောက်လာသူ လူငယ်များအနက် သုံးဦးကို ထိုင်းနိုင်ငံသားအဖြစ်ခံယူနိုင်ရန် ထောက်ပံ့မည်ဟု ထိုင်းအစိုးရ ပြော

■ ထမ်လွန်ဂူထဲတွင် ပိတ်မိခဲ့သည့် ထိုင်း လူငယ်ဘောလုံးသမားအဖွဲ့က ဂူထဲမှာတစ်နာရီခန့်သာနေရန် ရည်ရွယ်ခဲ့သည်ဟု ဆို

■ ကိုင်ရို လေဆိပ်အနီး ဓာတုစက်ရုံတစ်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး ဒဏ်ရာရ

■ ဘီလျံနာသူဌေးကြီး ဂျက်ဖ်ဘီဇော့က အာကာသတွင်းခရီးသွားရေး လက်မှတ်တစ်စောင်ကို အနည်းဆုံး ဒေါ်လာနှစ်သိန်း သတ်မှတ်ရန် စီစဉ်နေ

■ ယူရို ၂၀၁၆ က အမှားအယွင်းမျိုးကို ယခုကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ထပ်မံကျုးလွန်မည် မဟုတ်ဟု ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ ကတိပေး

■ ခရိုအေးရှားကို အင်္ဂလန်အနိုင်ရရှိမည်ဟု မှားယွင်းစွာခန့်မှန်းခဲ့သည့် ၀က်ကလေးကို သတ်ပစ်မည်ဟု အင်္ဂလန်ပရိသတ်များ ခြိမ်းခြောက်

 


နောက်ဆုံးရသတင်းများ

1 2 3 3,304