ဇူလိုင်လ ၁၄ရက်နေ့ နံနက်ခင်း သတင်းအစီအစဉ်

■ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ်အား သီးခြားစီ လက်ခံတွေ့ဆုံခဲ့

■ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံပြီး NCA မထိုးရသေးသည့် အဖွဲ့များ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာရေး ထည့်သွင်းဆွေးနွေးခဲ့ဟုဆို

■ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ ၀န်ကြီးဌာနနှစ်ခု၏ ညွှန်ကြားရေးမှူးချုပ်နှင့်အထက် အရာရှိများကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုအပေါ် နိုင်ငံအတွင်း ချမှတ်ထားသည့် ဥပဒေများနှင့် ဆောင်ရွက်သွားမည်ဟု ၀န်ကြီးဦးသိန်းဆွေပြော

■ ကားလမ်းပေါ်မှ ရေအိုင်ထဲ ပြတ်ကျနေသည့် ဓာတ်ကြိုးအား တက်နင်းမိပြီး ရှစ်တန်း ကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့

■ မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ဆက်စပ်၍ မြန်မာနိုင်ငံတွင် ဖမ်းဆီးထားသူသုံးဦး ရုံးချိန်းတွင် သက်သေ ၆၉ ဦးအား စစ်ဆေးပေးရန် တရားလိုဘက်မှ တရားရုံးသို့တင်သွင်း

■ ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သည့် အမေရိကန်နှင့် တောင်ကိုရီးယား စစ်သည်နှစ်ဦး၏ ရုပ်ကြွင်းများကို မိခင်နိုင်ငံများသို့ လွှဲပြောင်းပေးသည့် အခမ်းအနားပြုလုပ်

■ ရေဘေးသင့်ပြည်သူများနှင့် ဂျပန်ဝန်ကြီးချုပ် သွားရောက်တွေ့ဆုံခဲ့ပြီး အကူအညီများ ထပ်မံပေးသွားမည်ဟု ကတိပြု

■ အမေရိကန်နိုင်ငံရှိ ပြည်နယ်နှစ်ခုတွင် မက်ဒေါနယ် စားသောက်ဆိုင်များမှ အသုပ်များကို စားသုံးပြီးနောက် လူတစ်ရာကျော်လောက် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့

■ အင်ဒိုနီးရှားနိုင်ငံတွင် လိင်တူစုံတွဲတစ်တွဲ အပါအ၀င် ပြစ်မှုအမျိုးမျိုး ကျူးလွန်ထားသူ ၁၅ ဦးကို လူအများမြင်ကွင်းတွင် ကြိမ်ဒဏ်အပြစ်ပေး

 


နောက်ဆုံးရသတင်းများ

1 2 3 3,304