ဇူလိုင် ၁၄ ရက်နေ့ နေ့လယ်ခင်း သတင်းအစီအစဉ်

■ မဲဆန္ဒနယ် ၁၂ နယ်ရှိ နိုင်ငံသား ၄၈ ရာခိုင်နှုန်းခန့်ကသာ ကြားဖြတ်ရွေးကောက်ပွဲရှိသည်ကို သိရှိကြကြောင်း PACE အဖွဲ့ စစ်တမ်း ထုတ်ပြန်

■ ၁၉၃၀ ငလျင်လှုပ်ခတ်စဉ်က ရန်ကုန်မြို့တွင် လူဦးရေတစ်သိန်းသာရှိပြီး လက်ရှိလူဦးရေ ငါးသန်းကျော် ရှိခြင်းကြောင့် ငလျင်လှုပ်ခတ်ပါက ထိခိုက်မှု အဆ(၅၀)ကျော်ရှိနိုင်ဟု ဆို

■ မြ၀တီ- ကော့ကရိတ် ဒေါနတောင်ကျော် အာရှလမ်းသစ်၌ တောင်နံရံပြိုကျမှု ဖြစ်ပွားခြင်းကို ရှင်းလင်းရေးဆောင်ရွက်နေစဉ် ကား ၁၁ စီး ဆင့်တိုက်မှု ဖြစ်ပွား

■ ပညာရေးအတွက် သွယ်ဝိုက်ကုန်ကျစရိတ်များကြောင့် မိဘများ ကျောင်းစရိတ်မတတ်နိုင်သဖြင့် ကျောင်းထုတ်မှုများ ရှိနေဟု ယူနီဆက်ဖ်၏ နိုင်ငံတော် အကြံပေးအရာရှိ ပြော

■ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၃ မြို့နယ်က တောင်သူများကို ယခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ အဖြစ် ၆၆ ရာခိုင်နှုန်းနီးပါး ချေးငွေထုတ်ချေးပေးထား

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် စကော့တလန်သို့ ရောက်ရှိလာချိန်တွင် ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွား

■ အီဂျစ်နိုင်ငံတွင် ရထားလမ်းချော်မှု ဖြစ်ပွားခဲ့သဖြင့် ၅၅ ဦး ဒဏ်ရာရ

■ သန့်ရှင်းရေးနှင့် ကျန်းမာရေး စံနှုန်းများနှင့် ကိုက်ညီမှုမရှိသော စားသောက်ဆိုင် သုံးဆိုင်ကို ယာယီပိတ်ထားရန် မလေးရှားနိုင်ငံ ပီနန်ပြည်နယ်အာဏာပိုင်များ ညွှန်ကြားထား

 


နောက်ဆုံးရသတင်းများ

1 2 3 3,623