သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ မြစ်ကြီးနားမြို့ပေါ်တွင် ရိုက်နှက်လုယက်ခဲ့သည်ဆိုသော နဝမတန်းကျောင်းသား ငါးဦးအပါအဝင် ဆိုးသွမ်းလူငယ်ဆယ်ဦးကို တစ်သက်တစ်ကျွန်းအထိ အပြစ်ပေးနိုင်သော ဓါးပြမှုဖြင့် ထပ်မံအမှုဖွင့်

■ မင်္ဂလာဒုံမြို့နယ်အတွင်း အမေရိကန်ဒေါ်လာသန်း(၁၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ စံချိန်တင် ဖမ်းဆီးရမိခဲ့သည့်အမှုမှ တရားစွဲထားသူ(၁၀)ဦးကို စွဲချက်တင်ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချ

■ အင်ဒိုနီးရှားရှိရွာတစ်ရွာတွင် နတ်ဆရာတစ်ဦး၏ ၁၅ နှစ်ကြာ ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့

■ နေဆီသို့ ပထမဦးဆုံး သွားရောက်စူးစမ်းမည့် အာကာသယာဉ်ကို လွှတ်တင်ရန် နာဆာ အဆင်သင့်ဖြစ်နေ

■ ဂိုးသမား ကော်တိုအာ ရီးယဲလ်သို့ပြောင်းရန် သဘောတူညီမှုရခဲ့ပြီး ရီးယဲလ်ကွင်းလယ်လူ ကိုဗာချစ်ကို တစ်ရာသီ အငှားဖြင့် ပြန်လည်ခေါ်ယူခဲ့ကြောင်း ချယ်လ်ဆီးထုတ်ပြန်

အစရှိတဲ့ သတင်းတွေ ပါဝင်ပါတယ်။

 


နောက်ဆုံးရသတင်းများ

1 2 3 3,426