Feature (ရုပ်သံအစီအစဉ်)

“အချိန်အနည်းငယ်အတွင်း၌ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည့် စစ်ကိုင်းရှစ်လေးလုံး အရေးတော်ပုံ”

၁၉၈၈ ခုနှစ် ၈ လပိုင်း ၈ ရက်နေ့ဟာ မြန်မာပြည်သူလူထု တစ်ရပ်လုံး လက်တွဲညီစွာ အသက်သွေးချွေးများဖြင့် ရင်းပြီး စစ်အာဏာရှင်ခေတ် တစ်ခေတ်ကို တွန်းလှန် ဖြိုဖျတ်နိုင်ခဲ့ပြီး မြန်မာ့နိုင်ရေးသမိုင်းမှာ သမိုင်းဝင်နေ့ရက် တစ်ရက် ဖြစ်ခဲ့ပါတယ်။

အဲဒီသမိုင်းဝင် ၈၈၈၈ လူထု အရေးတော်ပုံကြီးတွင် မြန်မာပြည်အလယ်ပိုင်း ဧရာဝတီ၏ အသည်းနှလုံးလို့ တင်စားခံရတဲ့ စစ်ကိုင်းမြို့မှာလည်း ရှစ်လေးလုံး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တစ်နိုင်ငံလုံး ၈ လ ၈ ရက် ၈၈ မှာ ဒီမိုကရေစီ ရရှိရေး၊ စစ်အာဏာရှင် ပြုတ်ကျရေး၊ တစ်ပါတီ အာဏာရှင်စနစ် ဖျတ်သိမ်းရေးအတွက် လူထုအရေးတော်ပုံ ဆန္ဒထုတ်ဖော်မှုတွင် စစ်ကိုင်းမြို့သူမြို့သား၊ နယ်သူနယ်သားများ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

 


နောက်ဆုံးရသတင်းများ

1 2 3 3,436