သြဂုတ်လ (၁၂)ရက်နေ့ အားကစားသတင်းအစီအစဉ်

■ နည်းပြဘ၀တစ်လျှောက် အနိုင်မရရှိခဲ့ဖူးသည့် ဂွါဒီယိုလာကို အနိုင်ယူရန် အသင့်ဖြစ်နေပြီဟု အာဆင်နယ်နည်းပြ အမ်မရီ ကြုံးဝါး။

■ မော်ရင်ဟိုနှင့် အဆင်မပြေမှုများရှိခဲ့ပြီး ယင်းအဆင်မပြေမှုများကို ထုတ်ဖော်ပြောဆိုပါက ဒဏ်ငွေရိုက်ခံရလိမ့်မည်ဟု ပေါ့ဘာ ၀န်ခံ။

■ ကြိုတင်ခန့်မှန်းမှုများ လွဲမှားလေ့ရှိသည့် ပီလီက လက်ရှိရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လီဗာပူးလ် ဗိုလ်စွဲမည်ဟု ခန့်မှန်း။

■ ဂျူဗင်တပ်စ်အသင်းကို ငယ်စဉ်ကတည်းက အားပေးခဲ့ကြောင်း စီရော်နယ်လ်ဒို ဖွင့်ဟ။

■ EU ပြင်ပကစားသမား (၃)ဦးထက်ပို၍ ဘာစီိလိုနာအသင်း ထည့်သွင်းကစားပါက စပိန်စူပါဖလားပွဲကို ဆီဗီလာ မကစားဘဲ ဆန္ဒပြမည်။

■ 2018 International Champions Cup ပြိုင်ပွဲတွင် ဂိုးကွာခြားချက်အသာဖြင့် စပါးအသင်း ဗိုလ်စွဲ။

 


နောက်ဆုံးရသတင်းများ

1 2 3 3,439