နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ရုပ်ပုံများ အသုံးပြု မဲဆွယ်မှုကို ပြည်ခိုင်ဖြိုးပါတီ ကန့်ကွက်

နိုဝင်ဘာလ ၃ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်နဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်တို့ ရုပ်ပုံလွှာတွေ အသုံးပြု မဲဆွယ်တာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြည်ခိုင်ဖြိုး ပါတီမှ ကန့်ကွက်လွှာပေးပို့ခဲ့တယ်လို့သိရပါတယ်။

ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ် အသက် ၆၁ နှစ်အရွယ်တွင် ကွယ်လွန်

ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်ဟာ အသက် ၆၁ နှစ်အရွယ်မှာ ကာလတာရှည်ခံစားခဲ့ရပြီး ဆိုးရွားပြင်းထန်တဲ့ အဖျားဝေဒနာကြောင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဘုရင့်နောင်ပွဲရုံများမပြောင်းရွေ့ရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထား

လာမယ့်၂၀၂၁ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မယ့် ဘုရင့်နောင်ပွဲရုံဝန်း မပြောင်းရွေ့ဖို့အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားပြီးဖြစ်တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။

7 Concert Mandalay တစ်ကိုယ်တော်ဖျော်ဖြေပွဲ နဲ့ပက်သက်ပြီး ပြောပြတဲ့ တေးသံရှင် တင်ဇာမော်

တေးသံရှင် တင်ဇာမော်ရဲ့ 7 Concert Mandalay တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုတော့ လာမယ့် အောက်တိုဘာလ ၆ရက်နေ့ မဟာမန္တလေးမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဒီပွဲမှာတော့ 7 album တစ်ခွေလုံးနဲ့ ပရိတ်သတ် တောင်းဆိုမှုများတဲ့သီချင်းတွေ၊ ပရိတ်သတ် သတိမထားမိတဲ့ သီချင်းတွေကို သီဆိုဖျော်ဖြေသွားမှာဖြစ်ကာ မန္တလေးပရိတ်သတ်တွေ စိတ်ကျေနပ်မှုရမယ့်ပွဲဖြစ်မယ်လို့မျှော်လင့်ကြောင်း တင်ဇာမော်ကဆိုပါတယ်။

စက်တင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ ဘားအံ အကျဉ်းထောင်ဖောက်ပြေးသူ ၄၂ ဦးအနက် ၂၄ ဦးကို ဖမ်းဆီးရမိ

■ ဘွက်ကြီးဆည် အခြေအနေမှာ စိတ်ပူစရာမရှိဟု တာဝန်ရှိသူများက ပြောကြားသော်လည်း ဆည်အောက်ရှိ ကျေးရွာများမှ ဒေသခံများ ကုန်းမြင့်များပေါ်သို့ ရွှေ့ပြောင်းနေ

■ တန်ဇန်းနီးယားနိုင်ငံရှိ Lake Victoria ရေကန်အတွင်း ကူးတို့သင်္ဘောတစ်စီး တိမ်းမှောက်နစ်မြုပ်မှုကြောင့် လူ ၄၀ ကျော် သေဆုံး

■ ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်မှုများကို ဖြေရှင်းရန် Facebook က သတင်းစစ်ပွဲခန်းမ တည်ထောင်မည် အစရှိတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးထားပါတယ်။

မင်္ဂလာအခမ်းအနားအစစ်ကဲ့သို့ ပြင်ဆင်ကျင်းပခဲ့တဲ့ Memorable Moments AtMercure HotelWedding Showcase ပွဲကြီး


ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ တည်ရှိတဲ့ Mercure Hotel မှာတော့ Memorable Moments At Mercure Hotel Wedding Showcase ပွဲကြီးကို ကျင်းပခဲ့ပါတယ်။ အဆိုပါ ပွဲအခမ်းအနားမှာတော့ ထူးခြားတဲ့အစီအစဉ်များစွာ ထည့်သွင်းကျင်းပခဲ့ပြီး မင်္ဂလာအခမ်းအနားအစစ်ကဲ့သို့ ပြင်ဆင်ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။ ပွဲအခမ်းအနားနဲ့ ပတ်သက်လို့ တာဝန်ရှိသူများက အခုလိုပဲပြောပါတယ်။