မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်း ပြိုင်ပွဲများ ရန်ကုန်မြို့တွင် ပြုလုပ်

အိုးကြီးချက် ဝါသနာရှင်တွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်း ပြိုင်ပွဲတွေကို မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းက ဦးစီးပြီး ရန်ကုန်မြို့မိုင်ဒါကွင်းမှာ ဇန်နဝါရီလ ၂၅ ရက်နေ့ကနေ စတင်ပြီး ပြုလုပ်နေပါတယ်။

တရားမ၀င် ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာသော မော်တော်ယာဉ်ကို ညောင်လေးပင်မြို့တွင် ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ ဇန်န၀ါရီ ၂၅ ရက်နေ့ နေ့လည်ပိုင်းက တရားမ၀င် ကျွန်းသစ်ခွဲသား အချောင်း ၈၀ သယ်ဆောင်လာတဲ့ ယာဉ်ကို ယာဉ်မောင်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနက သိရပါတယ်။

မြစ်ကြီးနားမြို့၏ အထင်ကရ ကရိန်နော် အပန်းဖြေရိပ်သာ၏ ဧရိယာအချို့အား ဒူဝါကရိန်နော် မိသားစုထံ ပြန်လည် လွှဲပြောင်း

နှစ်ပေါင်းငါးဆယ်ကျော် အသိမ်းခံခဲ့ရတဲ့ မြစ်ကြီးနားမြို့ရဲ့ အထင်ကရ ကရိန်နော် အပန်းဖြေရိပ်သာရဲ့ ဧရိယာတစ်ချို့ကို ၂၀၁၇-ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့က မူလပိုင်ရှင် ဒူဝါကရိန်နော် မိသားစုထံ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မြိတ်ကျွန်းစုမှ ထွက်ရှိသည့် ကင်းမွန်များ ထိုင်းဝယ်လက်များ ၀ယ်ယူမှုကြောင့် ဈေးနှုန်း ၃ ဆနီးပါးအထိ မြင့်တက်လာ

မြိတ်ကျွန်းစုအတွင်းက ထွက်ရှိတဲ့ ကင်းမွန်တွေကို ထိုင်းဝယ်လက်တွေကလည်း အပြိုင်အဆိုင် လာရောက် ၀ယ်ယူတာကြောင့် ဈေးနှုန်း ၃ ဆနီးပါးအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

မက္ကဆီကိုနယ်စပ်တွင် တံတိုင်းတည်ဆောက်ရန် အမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မက္ကဆီကိုနယ်စပ်တွင် တံတိုင်းကြီး တည်ဆောက်မဲ့ အစီအစဉ်ကို စတင်လုပ်ဆောင်ဖို့အမိန့်ကို ဇန်န၀ါရီ ၂၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

မှတ်တိုင်တွင်ရပ်နေသော လူများကို ကားနှင့်အတင်းဝင်တိုက်ရန် ကြံစည်ခဲ့သော ပါလက် စတိုင်းတစ်ဦးကို အစ္စရေးစစ်တပ်က ပစ်သတ် ဖမ်းဆီး

ဇန်န၀ါရီ ၂၅ ရက်နေ့မှာ အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းရှိ ကားမှတ်တိုင်တစ်ခုမှာ စောင့်ဆိုင်းနေတဲ့ လူအုပ်ကိုကားနဲ့ အတင်းဝင်တိုက်ဖို့ ကြံစည်ခဲ့တဲ့ ပါလက်စတိုင်းတစ်ဦးကို အစ္စရေးစစ်တပ်က ပစ်သတ် ဖမ်းဆီးခဲ့တယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက AFP ကို ပြောပါတယ်။

ရုပ်ရှင်ရုံ ရုပ်ရှင်ရုံသစ်များ တည်ဆောက်မှု စီမံချက်၏ ပထမဦးဆုံး ရုပ်ရှင်ရုံသစ်ကို မှော်ဘီမြို့နယ်တွင် စတင်ဖွင့်လှစ်

အိန္ဒိယနိုင်ငံမှ Pradiso ရုပ်ရှင်ရုံကုမ္ပဏီနဲ့ မြန်မာနိုင်ငံThe Maze ကုမ္ပဏီတို့ပူးပေါင်းတည်ဆောက်မယ့် ရုပ်ရှင်ရုံသစ်များ တည်ဆောက်မှုစီမံချက်ရဲ့ ပထမဦးဆုံး ရုပ်ရှင်ရုံကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်မှာ စတင်ဖွင့်လှစ်လိုက်ခဲ့ပါတယ်။

KBZ VISA အကြွေးဝယ်ကတ်ကို စတင် အသုံးပြုနိုင်ပြီဖြစ်

Visa ရဲ့ Pay wave နည်းပညာနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မယ့် KBZ VISA အကြွေးဝယ်ကတ်ကို ပြည်တွင်းရော ပြည်ပမှာပါ ဇန်နဝါရီ ၂၆ ရက်နေ့ ကစပြီး အသုံးပြုနိုင်မယ်လို့ ကမ္ဘောဇဘဏ်လိမီတက်က သိရပါတယ်။