မြိတ်မြို့မှ ခေါင်းကြီးကလေးငယ်အား ရန်ကုန်မြို့သို့ ဆေးကုပေးရန်အတွက် ပရဟိတအသင်းများမှ ကူညီပို့ဆောင်

ငွေကြေးချို့တဲ့သဖြင့် ဆေးမကုသနိုင်တဲ့ ခေါင်းကြီးကလေးငယ်အား ရန်ကုန်မြို့သို့ ဆေးကုသပေးဖို့အတွက် ပရဟိတအသင်းများမှ ကူညီကာ နိုဝင်ဘာ ၂၆ ရက်နေ့ တွင် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းနိုင်ငံမှာ အငတ်ဘေး ကျရောက်ခဲ့စဉ် သေဆုံးသွားခဲ့သူများအတွက် ဆုတောင်းပွဲကျင်းပ ပြုလုပ်

ယူကရိန်းနိုင်ငံမှာ ၁၉၃၀ ခုနှစ် ၀န်းကျင်လောက်က အငတ်ဘေးကျရောက်ခဲ့စဉ် သေဆုံးသွားခဲ့ရတဲ့ လူသန်းပေါင်းများစွာအတွက် ၀မ်းနည်းဆုတောင်းပွဲ အခမ်းအနားကို မြို့တော်ကိအက်မှာ နိုဝင်ဘာ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့တွင် ပျော်ပွဲရွှင်ပွဲ ကျင်းပ

နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ကလေးများနေ့ အထိမ်းအမှတ်ကို နိုဝင်ဘာ ၂၆ ရက်နေ့မှာ ပျော်ပွဲရွှင်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ထိုင်ဝမ် Golden Horse ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲမှာ တရုတ်ဇာတ်ကားများ ဆုအမြောက်အမြား သိမ်းပိုက်ရရှိခဲ့

ထိုင်ဝမ်နိုင်ငံမှာ နိုဝင်ဘာ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၅၃ ကြိမ်မြောက် Golden horse ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှာ တရုတ်နိုင်ငံမှ ရုပ်ရှင်ဇာတ်ကားများက ထူးချွန်ဆု အမြောက်အမြားကို သိမ်းပိုက် ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတွင် သက်ငယ်မုဒိန်းမှု လျော့နည်းပပျောက်ရန် Photo Compaign နှစ်ရက်ကြာ ပြုလုပ်မည်

သက်ငယ်မုဒိန်းမှု လျော့နည်းပပျောက်ရေး လူတိုင်းပါဝင်ကူညီပေး ခေါင်းစဉ်နဲ့ Photo Compaign ကို နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် ၉ နာရီက စတင်ကာ မန္တလေးမြို့ ၆၂လမ်း၊ လမ်း ၄၀ထောင့်မှာရှိတဲ့ မနော်ရမ္မံ ပြည်သူ့ဟစ်တိုင်မှာ နှစ်ရက်ကြာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အများပြည်သူပိုင် နယ်နိမိတ် ကျူးကျော် တည်ဆောက်ထားမှုများကို ဖယ်ရှားရန် ဟင်္သာတမြို့တွင် ညွှန်ကြား

ဟင်္သာတမြို့က အများပြည်သူပိုင် နယ်နိမိတ်မှာ ကျူးကျော်တည်ဆောက်ထားမှုတွေကို ဖယ်ရှားဖို့ စည်ပင်သာယာရေးကော်မတီက ညွှန်ကြားထားပြီး လိုက်နာမှုမရှိပါက တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အကြီးကျယ် အခမ်းအနားဆုံး ပြုလုပ်မည့် AVA NYE 2017 WITH MARTIN GARRIX ပွဲကို နှစ်သစ်အကြိုညတွင် ပြုလုပ်မည်

AVA Events နှင့် INSPIRE MEDIA & ENTERTAINMENT တို့က ပူးပေါင်းကျင်းပမယ့် AVA NYE 2017 WITH MARTIN GARRIX ပွဲရဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲကို ရန်ကုန်မြို့ Sule-shagarila Hotel မှာ နိုဝင်ဘာလ 25 ရက်နေ့က ကျင်းပခဲ့ပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်းနေရပ် စွန့်ခွာလာသူအချို့ ဘူးသီးတောင် ကယ်ဆယ်ရေးစခန်းသို့ ထပ်မံ ရောက်ရှိ

မောင်တောမြို့နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ရာနဲ့ အနီးဆုံးကျေးရွာတွေက နေရပ်စွန့်ခွာလာတဲ့ ရခိုင်တိုင်းရင်းသား အိမ်ထောင်စုတွေဟာ ဘူးသီးတောင် ကယ်ဆယ်ရေးစခန်းကို ထပ်မံရောက်ရှိလာတယ်လို့ သတင်းရရှိပါတယ်။