မတ်လ ၂ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ တိုင်းပြည်အတွက် ကောင်းကျိုးဆိုးကျိုးကို ချိန်ဆ၍ ဗြိတိန်ပါလီမန်၏ ကော်မတီမှ လွှတ်တော်အမတ်များကို ပြည်ဝင်ခွင့် မပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား

■ ALP ပါတီက ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို အခြေအနေ အချိန်အခါပေါ် မူတည်ကာ ကျင်းပခွင့် ရရှိရန် ကြိုစားမည်ဟု JICM အစည်းအဝေးတွင် သဘောတူ

■ မြ၀တီနယ်စပ်မှတစ်ဆင့် လုပ်ငန်းသုံး Delivery Van တင်သွင်းခွင့် ရပ်ဆိုင်းလိုက်သည့် ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းရှင်များ သတင်းစာရှင်းလင်း

■ လာမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် တနသာင်္ရီတိုင်း ဒေသကြီးအတွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ အင်အား ၄၀၀ ကျော် အသုံးပြုသွားမည်

■ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးသူများကို မည်သည့်အကူအညီမှ ပေးမည်မဟုတ်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြောကြား

■ အီဂျစ်နိုင်ငံတွင် ရထား ၂ စင်း တိုက်မှုဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး ၁၂ ဦး သေဆုံး

■ အကြမ်းဖက်မှု ဖြစ်ပွားသည့် နေရာတွင် ဆက်သွယ်ရေးများကို ဖြတ်တောက်ရန် စင်ကာပူအစိုးရ၏ စီစဉ်မှုမှာ မီဒီယာလွတ်လပ်ခွင့် ထိန်းချုပ်ရန် လုပ်ဆောင်နေခြင်းဟု ဝေဖန်ကန့်ကွက်

■ မာလီနိုင်ငံ အလယ်ပိုင်းတွင် မိုင်းကွဲမှုကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်သား ၄ ဦး သေဆုံး

■ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွင်လည်း မန်စီးတီးအသင်း အဝေးကွင်းတွင် အာဆင်နယ် အသင်းကို ဂိုးပြတ်အနိုင်ယူ

အကယ်ဒမီ ရင်ခုန်သံ (ရုပ်သံ အစီအစဉ်)

” အကယ်ဒမီ မေသန်းနု ”

■ ” ထာဝရ အမေ ” ရုပ်ရှင်ဇာတ်ကားမှာ တတ်နိုင်သမျှ၊ လုပ်တတ်သမျှ အားလုံးကြိုးစား အားထုတ်ထားပါတယ်။

ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွင်လည်း မန်စီးတီးအသင်း အဝေးကွင်းတွင် အာဆင်နယ်အသင်းကို ဂိုးပြတ်အနိုင်ယူ

ကာရာဘောင်ဖလားကြောင့် မတ်လ ၂ ရက်နေ့မှ ပြန်လည်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်မှာလည်း မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ပါတယ်။

ချင်းလူမျိုးတို့ရဲ့ ဓလေ့ (ရုပ်သံအစီအစဉ်)

■ ချင်းပြည်နယ် ၊ မင်းတပ်မြို့  ပေခြောက်ထောင်ပေါ်မှာရှိတဲ့ အေးစခန်းရွာက ချင်းလူမျိုးတို့ရဲ့  လူနေမှုပုံစံတွေနဲ့ ရိုးရာဓလေ့တွေကို ရိုက်ကူး တင်ဆက်ပေးထားပါတယ်။

ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးသူများကို မည်သည့်အကူအညီမှ ပေးမည်မဟုတ်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြောကြား

ဖိလစ်ပိုင်သမ္မတဒူတာတေး လက်ထက်မှာ တရားလက်လွတ် သတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုပြီး လာရောက် စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးသူတွေကို အကူအညီပေးမှာ မဟုတ်သလို ပူးပေါင်းဆောင်ရွက်မှုလည်း လုပ်ဆောင်မှာ မဟုတ်ဘူးလို့ သမ္မတဒူတာတေးက မတ်လ ၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ALP ပါတီက ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို အခြေအနေအချိန်အခါပေါ် မူတည်ကာ ကျင်းပခွင့်ရရှိရန် ကြိုစားမည်ဟု JICM အစည်းအဝေးတွင် သဘောတူ

ALPပါတီက ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အခြေအနေအချိန်အခါပေါ် မူတည်ကာ ကျင်းပခွင့်ရရှိအောင် ကြိုးစားမယ်လို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပတဲ့ JICM အစည်းအဝေးမှာ သဘောတူခဲ့ကြောင်း သိရပါတယ်။

တိုင်းပြည်အတွက် ကောင်းကျိုးဆိုးကျိုးကို ချိန်ဆ၍ ဗြိတိန်ပါလီမန်၏ ကော်မတီမှ လွှတ်တော်အမတ်များကို ပြည်ဝင်ခွင့်မပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား

ဗြိတိန်ပါလီမန် ကော်မတီတစ်ခုရဲ့ မြန်မာနိုင်ငံအတွင်း အချက်အလက်ရှာဖွေရေး ခရီးစဉ်တစ်ခုမှာ ပါဝင်မယ့် လွှတ်တော်အမတ်တွေကို မြန်မာအာဏာပိုင်တွေက ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့တာဟာ တိုင်းပြည်အတွက် ကောင်းကျိုးဆိုးကျိုးကို ချိန်ဆပြီး ပြည်ဝင်ခွင့်မပေးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

မြ၀တီနယ်စပ်မှတစ်ဆင့် လုပ်ငန်းသုံး Delivery Van တင်သွင်းခွင့် ရပ်ဆိုင်းလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းရှင်များ သတင်းစာရှင်းလင်း

မြ၀တီနယ်စပ်ကနေ တင်သွင်းနေတဲ့ လုပ်ငန်းသုံး Delivery Van တင်သွင်းခွင့် ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်တွေက မတ်လ ၁ ရက်နေ့က မြ၀တီမြို့မှာ သတင်းစာရှင်းလင်းမှုပြုလုပ်ခဲ့ပါတယ်။