Football Talkshow (ရုပ်သံအစီအစဉ်)

ပရီးမီးယားလိဂ် ပွဲစဉ် (၂၂)

ချယ်လ်ဆီး Vs ဟားစီးတီး

ဇန်နဝါရီလ (၂၂)ရက်နေ့ ည ၁၁း၀၀ နာရီတွင် ယှဉ်ပြိုင်ကစားမည့် ချယ်လ်ဆီးအသင်း နှင့် ဟားစီးတီးအသင်း တို့၏ ယှဉ်ပြိုင်ကစားကြပုံကို Eleven Sports မှ အကြီးတန်းအယ်ဒီတာ ကိုနန္ဒဝန်ငြိမ်းချမ်း နှင့် အယ်ဒီတာ ကိုအာကာ တို့၏ သုံးသပ်တင်ပြချက်။

 

Football Talkshow (ရုပ်သံအစီအစဉ်)

ပရီးမီးယားလိဂ် ပွဲစဉ် (၂၂)

■ အာဆင်နယ် Vs ဘန်လေ

ဇန်နဝါရီလ ၂၂ ရက် ည ၈း၄၅ နာရီတွင် ယှဉ်ပြိုင်ကစားမည့် အာဆင်နယ်အသင်း နှင့် ဘန်လေအသင်းတို့ ပွဲစဉ်ကို Eleven Sports မှ အကြီးတန်းအယ်ဒီတာ ကိုနန္ဒဝန်ငြိမ်းချမ်း နှင့် အယ်ဒီတာ ကိုအာကာ တို့မှ သုံးသပ်တင်ပြထားပါတယ်။

ဇန်န၀ါရီလ ၂၂ ရက်နေ့ နေ့လည်ပိုင်း သတင်းအစီအစဉ်

■ UPDJC ၏ လုပ်ငန်းလမ်းညွှန် အကန့်အသတ်များခြင်းကြောင့် အရပ်ဖက် အဖွဲ့အစည်းများဖိုရမ် ကျင်းပနိုင်ရန် ခက်ခဲနေ

■ ရန်ကုန်တိုင်း ဒေသကြီးအတွက် နှစ်နှစ်အတွင်း အိမ်ရာအခန်းပေါင်း ၈၀၀၀ ကိုတည်ဆောက်မည်

■ ကျပ် (၂၀၀) တန်ထီကို မြို့နယ်အခွန်ရုံး (၈) ခုတွင် ရောင်းချလျှက်ရှိ

■ (၆) ကြိမ်မြောက် အရှေ့တောင်အာရှ မြှားပစ်ပြိုင်ပွဲတွင် ၀ါရင့်မြှားပစ်မယ် အောင်ငှိမ်း Ranking Round ပြိုင်ပွဲတွင် ထိပ်ဆုံးမှ ရပ်တည်

■ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် ဘန်ကောက်စတိုင် ညဈေးပွဲတော်ကို လာရောက် လည်ပတ်သူများပြား

■ အမျိုးသမီးပန်းချီဆရာမ ၃၈ ဦးစုပေါင်းပြသသည့် Colourful Flowers Art Group Show ကျင်းပ

■ အစ္စရေးနိုင်ငံ တဲအဲဗစ်မြို့ရှိ အမေရိကန် သံရုံးအရှေ့တွင် လူရာပေါင်းများစွာမှ ထရမ့်ဆန့်ကျင်သည့် ဆန္ဒပြပွဲပြုလုပ်ခဲ့

■ ၂၂ နှစ်ကြာ အာဏာရယူခဲ့သည့် ဂမ်ဘီးယားနိုင်ငံ သမ္မတဂျမ်မား ရာထူးမှ ဆင်းပေးပြီးနောက် နိုင်ငံအတွင်းမှ ထွက်ခွာခဲ့

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် ဘန်ကောက်စတိုင် ညဈေးပွဲတော်ကို လာရောက်လည်ပတ်သူ များပြား

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ ဘန်ကောက်စတိုင် ညဈေးပွဲတော်ကို ဇန်န၀ါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ ပြုလုပ်ခဲ့ပြီး လာရောက်ဝယ်ယူ လည်ပတ်သူများဖြင့် စည်ကားခဲ့ပါတယ်။

(၆) ကြိမ်မြောက် အရှေ့တောင်အာရှ မြှားပစ်ပြိုင်ပွဲတွင် ၀ါရင့်မြှားပစ်မယ် အောင်ငှိမ်း Ranking Round ပြိုင်ပွဲတွင် ထိပ်ဆုံးမှ ရပ်တည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ (၆) ကြိမ်မြောက် အရှေ့တောင်အာရှ မြှားပစ်ပြိုင်ပွဲ ပထမနေ့ ပွဲစဉ်များကို ဇန်န၀ါရီလ ၂၁ ရက်နေ့မှ စတင်ကျင်းပခဲ့တာဖြစ်ပြီး တစ်ကျော့ပြန် ၀ါရင့်မြှားပစ် အားကစားမယ် အောင်ငှိမ်းက Compound ပြိုင်ပွဲတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၂ နှစ်ကြာ အာဏာရယူခဲ့သည့် ဂမ်ဘီးယားနိုင်ငံ သမ္မတဂျမ်မားရာထူးမှ ဆင်းပေးပြီးနောက် နိုင်ငံအတွင်းမှ ထွက်ခွာခဲ့

နိုင်ငံရေး အကြပ်အတည်းတွေ ဖြစ်ပေါ်ခဲ့တဲ့ အာဖရိက အနောက်ပိုင်း ဂမ်ဘီးယားနိုင်ငံမှာ (၂၂) နှစ်ကြာ အာဏာရယူထားခဲ့တဲ့ သမ္မတ ယာဟွာဂျမ်မားဟာ သမ္မတသစ် အက်ဒမ်မာဘာရိုးကို အာဏာ လွှဲပြောင်းပေးခဲ့ပြီးနောက် စနေနေ့က လေကြောင်းနဲ့ နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

အစ္စရေးနိုင်ငံ တဲအဲဗစ်မြို့ရှိ အမေရိကန်သံရုံး အရှေ့တွင် လူရာပေါင်းများစွာမှ ထရမ့်ဆန့်ကျင်သည့် ဆန္ဒပြပွဲပြုလုပ်ခဲ့

အစ္စရေးနိုင်ငံ တဲအဲဗစ်မြို့ရှိ အမေရိကန်သံရုံး အပြင်ဘက်မှာ စနေနေ့က အမျိုးသမီးတွေ အများစုပါဝင်တဲ့ လူရာပေါင်းများစွာဟာ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ကုန်ပစ္စည်း အတုအပထွက်ရှိမှုကို တားဆီးပေးနိုင်မည့် အသိဥာဏ်ပစ္စည်းဆိုင်ရာ ဥပဒေ အတည်ပြုနိုင်ဖို့ လိုအပ်နေ

နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ကုန်ပစ္စည်းအတုအပ ထွက်ရှိမှုကို တားဆီးပေးနိုင်မယ့် အသိဥာဏ် ပစ္စည်းဆိုင်ရာ ဥပဒေအတည်ပြုနိုင်ဖို့ လိုအပ်နေပြီး ယခုနှစ်အတွင်း အတည်ပြုနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

မြိတ်စီးပွားရေးဇုံနှင့် မြကန်သာရွာသို့ ဆက်ထားသည့်လမ်းကို ပြန်ဖွင့်ရန် ဒေသခံများ တောင်းဆိုမှု ပြေလည်

မြိတ်စီးပွားရေးဇုံနှင့် မြကန်သာရွာသို့ ဆက်ထားတဲ့ လူသွားလမ်းအား ပိတ်လိုက်တာကြောင့် ရွာသူ/သား တစ်ရာကျော်မှ ကုမ္ပဏီစီမံကိန်းသို့ လာရောက်ကာ လမ်းပြန်လည်ဖွင့်ပေးဖို့ တောင်းဆိုမှု ဖြစ်ပွားခဲ့ပါတယ်။

အလုပ်ရှင်၊ အလုပ်သမား ပြဿနာများကို ဖြေရှင်းနိုင်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရမှ အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိအဖွဲ့ ဖွဲ့စည်း

အလုပ်ရှင်၊ အလုပ်သမား ပြဿနာများကို ဖြေရှင်းနိုင်ဖို့ ဧရာဝတီတိုင်း အစိုးရမှ အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရပါတယ်။