၂၀၁၆ ခုနှစ်အတွင်း လူမှုရေးကဏ္ဍမှ ထင်ရှားသော ဖြစ်ရပ်များ အပိုင်း(၁) (ရုပ်သံအစီအစဉ်)

၂၀၁၆ ခုနှစ်အတွင်း လူမှုရေးကဏ္ဍတွင် ထင်ရှားသော ဖြစ်ရပ်အများအပြား ပေါ်ပေါက်ခဲ့ရာ ပြည်သူလူထု စိတ်ဝင်စားမှု များပြားခဲ့သည့် ဖြစ်ရပ် (၁၀) ခုကို ရွေးချယ်တင်ဆက် ပေးလိုက်ပါတယ်။

■ မြန်မာတို့ရဲ့ နှလုံးသားကို ကိုင်လှုပ်ခဲ့တဲ့ ငလျင်

■ ဆုံးရှုံးမှု ပမာဏများပြားခဲ့သည့် ဈေးမီးလောင်မှုများ

■ မိုးရာသီမှာ ဆောင်းအိပ်မက် မက်ခဲ့ရတဲ့ နာဂဒေသ

■ မသန်သော်လည်းစွမ်းတဲ့သူ

■ ပညာရေး အဆင့်မြှင့်တင်မှုရဲ့ အပြောင်းအလဲတစ်ခု

၂၀၁၆ ခုနှစ် အနုပညာကဏ္ဍတွင် ထင်ရှားသော ဖြစ်ရပ်များ (ရုပ်သံ အစီအစဉ်)

၂၀၁၆ တစ်နှစ်တာ ကာလ အတွင်း အနုပညာလောကထဲမှာ ကောင်းသတင်း ကျော်ကြားခဲ့သူတွေ၊ အောင်မြင်ထင်ရှားခဲ့သူတွေ၊ လူမှုရေးပြသနာ ရှုပ်ထွေးခဲ့ကြသူတွေနဲ့ ရာဇ၀တ်အရှုပ်အရှင်း မကင်းခဲ့ကြသူတွေအပြင် ချီးကျူးစရာ၊ ဝေဖန်စရာ၊ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေလည်း အများအပြားရှိခဲ့ပါတယ်။ ဒီကိစ္စတွေထဲက လူပြောအများဆုံး အကြောင်းအရာတွေ ဖြစ်ခဲ့တဲ့ –

– မြန်မာပေါကားများရပ် လှုပ်ရှားမှု

– အဓိပတိဖွား တေးအယ်လ်ဘမ်နဲ့ အဆိုတော်ဝေလ

– မနောရဲ့ ဗိုလ်အောင်ဒင်

– ပုရိသအပေါင်းကို ရင်ဖိုစေခဲ့တဲ့ လုလုအောင်

– ပျောက်ဆုံးနေတဲ့ တေးသံရှင် ကဗျာဘွဲ့မှူးနဲ့ သိန်းပေါင်းတစ်သောင်း

– မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံလိုက်ရတဲ့ မိုးအောင်ရင်

– နီနီခင်ဇော်၊ စိုးသူ၊ စိုးမြတ်နန္ဒာ၊ ၀ိုင်းစုခိုင်သိန်း နဲ့ အောင်လတို့ရဲ့ လူမှုရေး ဂယက်တွေ

– အငြင်းပွါးဖွယ်အပြည့်နဲ့ ပြီးဆုံးသွားတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

– ခေတ်ပြိုင်သမိုင်းဆိုင်ရာစာပေ စာတမ်းဖတ်ပွဲနဲ့ အပယ်ခံစာတမ်းများ

– သိန်းနှစ်ထောင်ကျော်ရရှိပြီး ၀င်ငွေစံချိန်တင်ခဲ့တဲ့ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကား

အစရှိတဲ့ အကြောင်းအရာတွေကို ထင်ရှားကျော်ကြား ၂၀၁၆ ရဲ့ အနုပညာကဏ္ဍကနေ ထုတ်နုတ်တင်ပြလိုက်ရပါတယ်။

၂၀၁၆ ခုနှစ်အတွင်း လူမှုရေးကဏ္ဍမှ ထင်ရှားသော ဖြစ်ရပ်များ အပိုင်း(၂) (ရုပ်သံအစီအစဉ်)

၂၀၁၆ ခုနှစ်အတွင်း လူမှုရေးကဏ္ဍတွင် ထင်ရှားသောဖြစ်ရပ် အများအပြား ပေါ်ပေါက်ခဲ့ရာ ပြည်သူလူထု စိတ်ဝင်စားမှု များပြားခဲ့သည့် ဖြစ်ရပ် (၁၀) ခုကို ရွေးချယ် တင်ဆက်ပေးလိုက်ပါတယ်။

■ ဆင်းရဲသား ပြည်သူတွေကို ထိုးနှက်ခဲ့တဲ့ ရေကြီးရေလျှံမှုများ

■ လူ့အသက်ပေါင်းများစွာ ကြွေလွင့်ခဲ့ရတဲ့ ချင်းတွင်းမြစ်တွင်းက ရေယာဉ်နစ်မြုပ်မှု

■ ကမ္ဘာကို ခြိမ်းခြောက်ခဲ့တဲ့ ကပ်ရောဂါဆိုးဇီကာ မြန်မာနိုင်ငံကို အလည်ရောက်ခဲ့

■ ရိုးသားမှုကို ရတနာထုပ်နဲ့ မလဲခဲ့သူ

■ စံပယ်ပန်းနံ့လေးများ မွှေးပျံ့နေတဲ့ လှည်းတန်း ခုံးတံတားအောက်က စာသင်ဝိုင်း

၂၀၁၆ ခုနှစ်အတွင်း ထင်ရှားသောမှုခင်းဖြစ်ရပ် ၁၀ ခု

၂၀၁၆ ခုနှစ်အတွင်း ထင်ရှားတဲ့ မှုခင်းဖြစ်ရပ်တွေ အများအပြားရှိခဲ့တယ်။ အဲ့ဒီဖြစ်စဉ်တွေထဲက ပြည်သူတွေ စိတ်ဝင်စားမှုအများဆုံး အောက်ပါအဖြစ်အပျက်တွေကို ၂၀၁၆ ခုနှစ်ရဲ့ ထိပ်တန်းထင်ရှားတဲ့ မှုခင်းဖြစ်ရပ်တွေအဖြစ် ဖော်ပြလိုက်ပါတယ်။

(၁) မင်္ဂလာဒုံမြို့နယ် လေးလောင်းပြိုင်လူသတ်မှု

(၂) ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးစံချိန်တင်ဖမ်းဆီးရမိမှုများ

(၃) လူ့အဖွဲ့အစည်းကိုခြိမ်းခြောက်လာတဲ့ သက်ငယ်မုဒိမ်းမှုတွေ

(၄) တရားဥပဒေစိုးမိုးမှုကို ပြက်ရည်ပြုလာသည့် အနုကြမ်းစီးမှုများ

(၅) တောင်ကြီး သုံးလောင်းပြိုင် လူသတ်မှု

(၆) စမ်းချောင်းမြို့နယ်ငွေလဲကောင်တာ ဓားပြတိုက်ခံရမှု

(၇) ကလေးငယ်သုံးဦီးကို သေစေခဲ့သည့် ပယောဂဆရာ

(၈) ခရမ်းမြို့နယ်၊မောင်းမကျေးရွာနှစ်လောင်းပြိုင်လူသတ်မှု

(၉) အင်းဝအပ်ချုပ်ဆိုင်မိသားစု ဖြစ်စဉ်နှင့် အိမ်အကူမိန်းကလေးငယ်အမှုများ

(၁၀) လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်မှ လူမိုက်များကိုဖမ်းဆီးခြင်း

၂၀၁၆ ခုနှစ်အတွင်း စီးပွားရေးကဏ္ဍမှ ထင်ရှားသော ဖြစ်ရပ် ၁၀ ခု

၂၀၁၆ ခုနှစ်အတွင်း စီးပွားရေးနယ်ပယ်မှာ ထင်ရှားတဲ့ဖြစ်ရပ်တွေ အများအပြားရှိခဲ့တယ်။ အဲ့ဒါတွေထဲက ပြည်သူတွေ စိတ်ဝင်စားမှုအများဆုံး အောက်ပါအဖြစ်အပျက်တွေကို ၂၀၁၆ ခုနှစ်ရဲ့ ထိပ်တန်းထင်ရှားဖြစ်ရပ်တွေအဖြစ် ဖော်ပြလိုက်ပါတယ်။

၁။ စီးပွားရေး အရေးယူပိတ်ဆို့မှု ဖယ်ရှားခံရခြင်း

၂။ ဖွံ့ဖြိုးမှုမိတ်ဖက် စကားရပ် ပေါ်ထွက်လာမှု

၃။ ဘတ်ဂျက်လိုငွေပြမှုနှင့် စီးပွားရေး တုံ့နှေးမှု

၎။ စီးပွားရေးဆိုင်ရာ မူဝါဒ ၁၂ ချက်

၅။ စံချိန်တင်ကျဆင်းခဲ့သော မြန်မာကျပ်ငွေတန်ဖိုး

၆။ ကားမော်ဒယ် ပြောင်းလဲသတ်မှတ်ခြင်းနှင့် စလစ်ဈေးမြင့်တက်မှု

၇။ တောင်သူများ၏ မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့သော စပါးဈေးကျဆင်းမှု

၈။ အလုပ်မဖြစ်ခဲ့သော စတော့ဈေးကွက်

၉။ တန် ၂၀၀ ကျော် ကျောက်စိမ်းအရိုင်းတုံး တွေ့ရှိမှု

၁၀။ မျှော်လင့်သလို မဖြစ်ခဲ့သည့် UMFCCI ရွေးကောက်ပွဲ

၂၀၁၆ ခုနှစ်အတွင်း နိုင်ငံရေးကဏ္ဍမှ ထင်ရှားသော ဖြစ်ရပ် ၁၀ ခု

၂၀၁၆ ခုနှစ်အတွင်း နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားတဲ့ဖြစ်ရပ်တွေ အများအပြားရှိခဲ့တယ်။ အဲ့ဒါတွေထဲက ပြည်သူတွေ စိတ်ဝင်စားမှုအများဆုံး အောက်ပါအဖြစ်အပျက်တွေကို ၂၀၁၆ ခုနှစ်ရဲ့ ထိပ်တန်း ထင်ရှားဖြစ်ရပ်တွေအဖြစ် ဖော်ပြလိုက်ပါတယ်။

၁။ ပြည်ခိုင်ဖြိုး အစိုးရမှ NLD အစိုးရသို့ အပြောင်းအလဲ

၂။ ပုဒ်မ ၅၉ (စ) နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်

၃။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ

၎။ ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရခြင်း

၅။ ပြည်သူတွေ မသိရသေးသည့် မြစ်ဆုံစာချုပ်

၆။ လွှတ်တော်တွင်းမှ မပြောင်းလဲသော၊ ပြောင်းလဲသော

၇။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဂယက်များ

၈။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် အရေးယူခံရမှုများ

၉။ ဒေါက်တာထွန်းဝင်းကို ဒုတိယ၀န်ကြီး ရာထူးမှ ဖယ်ရှားခြင်း

၁၀။ အာဏာရပါတီတွင်း အရေးယူမှုများ