သြဂုတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ အိန္ဒိယရေတပ်မှ ကော့ဗက်စစ်ရေယာဉ် Khanjar သုံးရက်ကြာ ချစ်ကြည်ရေးခရီးအဖြစ် ရန်ကုန်မြို့သို့ ယနေ့ ရောက်ရှိမည်

■ ရက်ပိုင်းအတွင်း ကလေးအခိုးခံရမှုသုံးမှု ရှိလာသဖြင့် စိုးရိမ်ဟု ပခုက္ကူမြို့နယ် ကမ္မမြို့နှင့်အနီးတစ်ဝိုက်မှ ဒေသခံများ ပြော

■ Robotics Olympics ပြိုင်ပွဲကို မက္ကဆီကိုနိုင်ငံတွင် ကျင်းပနေပြီး ကမ္ဘာတစ်ဝန်းမှ လူငယ်အဖွဲ့များ ၀င်ရောက်ယှဉ်ပြိုင်နေ

■ တစ်နေ့လျှင် စီးကရက်အလိပ် ၄၀ ခန့်သောက်သည့် အင်ဒိုနီးရှားနှစ်နှစ်သားကလေး နိုင်ငံတကာအထိ နာမည်ကြီးနေ စတဲ့ သတင်းတွေ ပါဝင်ပါတယ်။

သြဂုတ်လ ၁၇ ရက် နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့မှ အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးအပ်

■ ဒါရိုက်တာမိုက်တီးအား မူးယစ်ဆေးဝါးများနှင့်အတူ တာမွေမြို့နယ်တွင် ဖမ်းဆီးရမိပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်

■ ကိုယ့်ကိုကိုယ် သတ်သေသော်လည်း မအောင်မြင်ခဲ့သည့် အမေရိကန် အမျိုးသမီးငယ်တစ်ဦး မျက်နှာအစားထိုး ကုသမှုခံယူရသည့် အသက်အငယ်ဆုံးပုဂ္ဂိုလ် ဖြစ်လာ

■ လူမှုကွန်ရက် Facebook မှ လက်တင်အမေရိကတွင် ချန်ပီယံလိဂ်ပွဲများ အခမဲ့ ထုတ်လွှင့်ပြသမည်

အစရှိတဲ့သတင်းတွေပါဝင်ပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ နေ့လယ်ခင်း သတင်းအစီအစဉ်

■ ဖားကန့်မြို့နယ် မှော်ပုံကျေးရွာမှ မူးယစ်ဆေးဝါးရောင်းဝယ်နေသည့် ဆိုင်ခန်း ၃၅ ခန်းကို မီးရှို့ဖျက်ဆီး

■ အွန်လိုင်းမှတ်ပုံတင်စနစ်ကို သြဂုတ်လ ၁ ရက်မှစတင်ခဲ့ပြီး နှစ်ပတ်အတွင်း ကုမ္ပဏီပေါင်း ၁၂၀၀ ကျော် မှတ်ပုံတင်

■ အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် စံချိန်တင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နယူးဂျာစီ ပြည်နယ်၏ ဒေသအချို့တွင် အရေးပေါ်အခြေအနေ ကြေညာထားရ

■ မူးယစ်ဂိုဏ်းများကို တိုက်ဖျက်နှိမ်နင်းနိုင်ရန်အတွက် အမေရိကန်နှင့် မက္ကဆီကိုတို့ ပူးပေါင်းအဖွဲ့ ဖွဲ့စည်းသွားမည်

အစရှိတဲ့ သတင်းတွေ ပါဝင်ပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ အဆိုတော်ရသ အပါအ၀င်သုံးဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

■ ကျောက်ကြီးမြို့မှ သက်တမ်းရာကျော်ရှိသည့် ရှေးဟောင်းပိဋိကတ်တိုက်တစ်ခု အလိုအလျောက် ပြိုကျခဲ့

■ ဇနီးသည်နှင့်စကားများခဲ့သည့် အမေရိကန်အမျိုးသားတစ်ဦး ၄င်း၏နေအိမ်ကို လေယာဉ်ဖြင့် ၀င်တိုက်

■ အိန္ဒိယနိုင်ငံရှိ ရွာလေးတစ်ရွာတွင် ဆယ်ရက်ကြာမြင့်မည့် နာနတ်သီးပွဲတော်ကို စတင်ကျင်းပ

အစရှိတဲ့ သတင်းတွေ အပါအဝင် ပြည်တွင်းနှင့်နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၄ ရက် နေ့လယ်ခင်း သတင်းအစီအစဉ်

■ မြန်မာနိုင်ငံတွင် အဟာရချို့တဲ့ခြင်း ပြဿနာများကို စစ်တမ်း ကောက်ယူထားပြီး ရလဒ်ကို နိုင်ငံတကာသိအောင် ထုတ်ပြန်မည်

■ ထူးကဲဒီရေ တက်ခြင်းကြောင့် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသည့် မြစ်များမြစ်ရေ ပြန်လည် ကျဆင်းနိုင်ခြင်း မရှိသေး

■ နောင်ယားကန်ပေါင်ပတ်လည် ညဈေးတွင် စားသုံးသူများမရှိ၍ ဈေးဆိုင် ခြောက်ဆိုင်သာ ရောင်းချနေရ

■ ဟာလေ – ဒေးဗစ်ဆန်ဆိုင်ကယ်များ ထုတ်လုပ်မှု ပြည်ပသို့ရွှေ့ပြောင်းရန် စီစဉ်နေမှုအပေါ် သပိတ်မှောက်မှုကို သမ္မတ ထရန့် ထောက်ခံ

အစရှိတဲ့ သတင်းတွေအပါအဝင် ပြည်တွင်းနှင့်နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

သြဂုတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ မြန်မာ့တပ်မတော်မှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် International Army Games-2018 တွင် တင့်တပ်ဖွဲ့မှ အဆင့် ၁၆ ၊ ဆေးတပ်ဖွဲ့မှ အဆင့် ၆ နှင့် လက်ဖြောင့်သေနတ်ပစ်တပ်ဖွဲ့မှ အဆင့် ၁၁ အသီးသီး ရပ်တည်ခဲ့

■ မိုင်းသောက် သဘာဝကျွန်းမျောတော ဧက ၉၀ ပေါ်တွင် ဟိုတယ်ဆောက်လုပ်မှုအတွက် ညောင်ရွှေ လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်

■ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်တွင် ရေကြီးရေလျှံမှုအတွင်း ပိတ်မိနေခဲ့သည့် မင်္ဂလာဆောင်ပြီးစ သတို့သမီးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကယ်တင်ခဲ့ရ

■ Box Office ၏ ၀င်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်းတွင် The Meg ရုပ်ရှင်ဇာတ်ကားက Mission Impossible – Fallout ရုပ်ရှင်ကို ကျော်တက်ကာထိပ်ဆုံးတွင် ရပ်တည်နေ

အစရှိတဲ့ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ ဧရာဝတီမြစ်ရေ ဟသာင်္တနှင့် ဇလွန်မြို့များတွင် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပြီး သံလွင်မြစ်ရေ ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိမည်

■ ပြည်တွင်းဆန်ဈေးနှုန်းများမြင့်တက်နေ

■ လူမှုကွန်ရက်အင်တာနက် စာမျက်နှာမှာပျံ့လျှက်ရှိသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြည်သူတစ်ဦးအား သေနတ်ဒင် သေနတ်ပြောင်းဝတို့ဖြင့် ရိုက်နှက်ခဲ့သည်ဆိုသည့် ဖြစ်စဉ်အား စစ်ဆေးလျှက်ရှိ

■ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ လှည်းတန်းခုံးကျော်တံတားဝန်းကျင်မှ အခြေအနေမဲ့ တောင်းရမ်း စားသောက်နေသူ ကလေးများအပါအ၀င် ၄၂ ဦးအား ထိန်းသိမ်း

■ ပါကစ္စတန်နိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ်တစ်ခုတွင် လိပ်မကြီးဂျူလီ၏ နှစ်ငါးဆယ်ပြည့် မွေးနေ့ပွဲကို စည်စည်ကားကား ကျင်းပပေးခဲ့

■ အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် လူ ၃၄ ဦး သေဆုံးခဲ့ပြီး သတိပေးချက်များ ထုတ်ပြန်ထားရ စတဲ့ ပြည်တွင်းပြည်ပ နိုင်ငံတကာ သတင်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်

■ ပုဂ္ဂလိကဘဏ်များသို့ အမေရိကန်ဒေါ်လာများ ပိုမိုရောင်းချပေးရန်ရှိပြီး ပြင်ပဈေးကွက်ကို ထိန်းချုပ်နိုင်ရန် စီစဉ်နေဟု ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ပြော

■ တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရေအိုင်ထဲ ပြတ်ကျနေသော ဓာတ်ကြိုးနင်းမိ၍ ကလေးငယ်တစ်ဦး သေဆုံးခဲ့မှုကို လျှပ်စစ်နှင့် စွမ်အင်ဝန်ကြီးဌာနမှ စိစစ်ဖော်ထုတ်နေ

■ ကနေဒါနိုင်ငံတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ရဲ နှစ်ဦး အပါအ၀င် လေးဦး သေဆုံး

■ Project X ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေစဉ် ရွှံ့မြေပြိုမှုများ ဖြစ်ပွားခဲ့သဖြင့် ပိတ်မိနေခဲ့သည့် ဂျက်ကီချန်းနှင့် အဖွဲ့သားများကို ကယ်တင်ခဲ့ရ

အစရှိတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။