“Cele’s Talk” (ရုပ်သံအစီအစဉ်)

“Mindset တွေမြင့်ဖို့ဆိုတာကတော့ ဘယ်အစိုးရကြောင့်မှမဟုတ်ဘူး” …. ဘုဏ်းသိုက်

■ သမီးလေးဆီက ဘယ်လိုစကားလုံး အသစ်အဆန်းတွေ ကြားရမလဲဆိုတာ ကျွန်တော့်အတွက် မကြည့်ရသေးတဲ့ ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရသလိုပဲလို့ဆိုလာတဲ့ ဘုဏ်းသိုက်ရဲ့ မိသားစုဘ၀ ဖြတ်သန်းမှုတွေ

■ အရင်ကကောင်းခဲ့တယ်ဆိုတဲ့ အနှစ်သာရကို ဒီနေ့ခေတ် ကျွန်တော်တို့လူငယ်တွေ ဘာတစ်ခုမှမခံစားရဘူးဆိုတဲ့ သူ့ရဲ့နိုင်ငံရေး အတွေးအမြင်လေးတွေ

■ အနုပညာလောကမှာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ရော၊ စာရေးသူအနေနဲ့ပါအပြင် ဒါရိုက်တာအဖြစ်ပါ ဖန်တီးဖို့ကြိုးစားနေတဲ့ ဘုဏ်းသိုက်ရဲ့ အနုပညာလှုပ်ရှားမှု အကြောင်းအရာတွေကို ဒီတစ်ပတ်ရဲ့ Cele’s Talk အစီအစဉ်က မေးမြန်းတင်ဆက်ထားပါတယ်။

” အကယ်ဒမီ စကားသံများ(၄) ” (ရုပ်သံအစီအစဉ်)

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မနက်ဖြန် ညနေ(၅)နာရီမှာ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ အကယ်ဒမီဆုပေးပွဲနီးကပ်လာလေ ရုပ်ရှင်လောကသားတွေအတွက် စိတ်လှုပ်ရှားမှုတွေပိုလာလေပဲဖြစ်ပါတယ်။ ဒါကြောင့် အနုပညာရှင်တွေနဲ့ပရိသတ်တွေရဲ့ အကယ်ဒမီခန့်မှန်းရင်ခုန်သံတွေအကြောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

■ သက်မွန်နဲ့ကစ်ကစ်နှစ်ယောက်ထဲက တစ်ယောက်ကတော့ကျိန်းသေရမှာပါ… အကယ်ဒမီ ဒါရိုက်တာဝိုင်း

■ ကျွန်တော့်ကိုထင်ကြေးပေးကြတဲ့အတွက်ကျေးဇူးတင်ရပါတယ် ၀မ်းသာရပါတယ်… အကယ်ဒမီ ဇင်ဝိုင်း

■ အခုလိုရင်ခုန်ခွင့်ရတာနဲ့ကို ကျေနပ်နေပါပြီ… အေးမြတ်သူ

■ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့အကယ်ဒမီခန့်မှန်းချက်များ

“အကယ်ဒမီစကားသံများ (၃)” (ရုပ်သံအစီအစဉ်)

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ပေးအပ်ခြင်းအပေါ်မှာ အနုပညာလောကသားတွေရဲ့ ထင်မြင်သုံးသပ်ချက်တွေကလည်း အမျိုးမျိုးထွက်ပေါ်လျက် ရှိနေပါတယ်။

■ သူများနိုင်ငံတွေမှာ မရှိတဲ့ ဆင်ဆာဥပဒေတွေနဲ့ အကိုတို့ကို ထိန်းချုပ်ထားတယ်။ အဲဒီဆင်ဆာအဖွဲ့ကြီးကိုလည်း ပြောင်းစေချင်တယ်… ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်)

■ ဒီလူက အကယ်ဒမီရပြီးလို့ မရသေးလို့ ဆိုတာထက် ဒီနှစ်မှာ ဒီလူက ထူးချွန်တယ်ဆိုရင် အဲဒီလူပဲ ရသင့်တယ်… မင်းဦး

“အကယ်ဒမီစကားသံများ (၂)” (ရုပ်သံအစီအစဉ်)

၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုအလွှာအတွက် အကယ်ဒမီ တစ်ကြိုပေးခံရတဲ့ အနုပညာရှင်တွေ အသီးသီး ထွက်ပေါ်လာပြီဖြစ်သလို ဘယ်သူရရှိမလဲ၊ ဘယ်သူတွေ လွဲချော်သွားမလဲ ဆိုတာကလည်း အရမ်းကိုစိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေရဲ့ ခန့်မှန်းသုံးသပ်ချက်တွေနဲ့ ပရိသတ်တွေရဲ့ ခန့်မှန်းစကားသံတွေကို မေးမြန်းတင်ဆက်ပေးထားပါတယ်။

■ ဇာတ်ဆောင်ဆုအတွက်ကတော့ ထွန်းထွန်းအနေနဲ့ ပြိုင်ရမယ့်သူကများတယ် ကျွန်တော်ကတော့ သူ့ကိုဇာတ်ပို့ဆုနဲ့ ရစေချင်တယ်….. သရုပ်ဆောင် ဒါရိုက်တာ သားညီ

■ အလုပ်တွေကြိုးစားထားတဲ့ အတွက်ကြောင့် အကောင်းဆုံးတွေဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်… ထွန်းထွန်း

■ အကယ်ဒမီ မရသေးတဲ့သူတွေကို ပိုပြီးရစေချင်တယ်…. အကယ်ဒမီမင်းမော်ကွန်း

” အကယ်ဒမီစကားသံများ(၁) ” (ရုပ်သံအစီအစဉ်)

(၆၄) ကြိမ်မြောက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို မတ်လ (၁၈) ရက် ညနေ (၅) နာရီအချိန်မှာ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အခုလိုကျင်းပတော့မယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲနဲ့ပတ်သက်ပြီး အနုပညာရှင်တွေနဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အကယ်ဒမီအတွက် ရင်ထဲက စကားသံတွေကို မေးမြန်းတင်ဆက်ပေးထားပါတယ်။

■ အနုပညာ ထူးချွန်ဆုပေးတာဖြစ်တဲ့ အတွက်ကြောင့် အနုပညာတစ်ခုတည်းပေါ်မှာပဲ မူတည်ပြီး စဉ်းစားသင့်တယ်လို့ထင်တယ် … ထပ်ဆင့်အကယ်ဒမီ ပြေတီဦး

■ ခိုးဆိုးလုနှိုက်ဆိုရင် အားပေးအားမြောက် ဖြစ်တဲ့အတွက်ကြောင့် မရွေးဘူးလို့ကြားထားတယ်… ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)

■ မြင့်မြတ်ရဲ့ အကယ်ဒမီရင်ခုန်သံ

■ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အကယ်ဒမီ ခန့်မှန်းချက်များ

 

“Cele’s Talk” (ရုပ်သံအစီအစဉ်)

“ခင်လှိုင်နဲ့ ထွန်းထွန်းကို အကယ်ဒမီ ရစေချင်တယ်” ဆိုတဲ့ မြင့်မြတ်

■ အကယ်ဒမီ တစ်ကြိုပေးခံရပေမယ့်လည်း ဘယ်အရာမှ ကံသေကံမ ပြောလို့မရဘူး…..

■ ခိုးဆိုးလုနှိုက်ဇာတ်ကားက မြင့်မြတ်အတွက် အမှတ်တရ ဇာတ်ကားတစ်ခုလား…..

■ ၂၀၁၇ ခုနှစ် ရုံတင်ဇာတ်ကားတိုင်းလိုလိုမှာ သူပါဝင်လာတဲ့ အကြောင်းအရာတွေ

■ လက်ရှိပုံစံနဲ့ ဇာတ်ရုပ်ကို ဖန်တီးမှု ပေါင်းစပ်လိုက်တဲ့အခါမှာ ကို့ရို့ကားယား ဖြစ်သွားတယ်ဆိုတဲ့ ကြီးကြီးကျယ်ကျယ် ဇာတ်ကားထဲက မိန်းကလေးကာရိုက်တာ အကြောင်း

■ သူ့မိသားစုရဲ့ အနာဂတ်အစီအစဉ်တွေ အကြောင်းကို ဒီတစ်ပတ်ရဲ့ Cele’s Talk အစီအစဉ်ကနေ မြင့်မြတ်ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေ သိရှိနိုင်စေဖို့အတွက် တွေ့ဆုံမေးမြန်း တင်ဆက်ပေးထားပါတယ်။

” Cele’s Talk” (ရုပ်သံ အစီအစဉ်)

“ကြာစိရဲ့ ကံစေရာ ဘ၀အချိုးအကွေ့များ”

အခုတစ်ပတ် အစီအစဉ်ကနေ –

■ လူရွှင်တော် ကြာစိရဲ့ ဘ၀ဖြတ်သန်းမှုတွေ၊ “ကံစေရာ” သီချင်းထဲမှာပါတဲ့ သူ့ဘ၀ရဲ့ အလှည့်အပြောင်းတွေအကြောင်း

■ Five Stars အဖွဲ့ရဲ့ နောက်ထပ်ခြေလှမ်း အသစ်တွေနဲ့ သူတို့ငါးယောက်လုံး ပါဝင် သရုပ်ဆောင်ထားတဲ့ “အလီဘာဘာနဲ့ ခိုးသားငါးယောက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားသစ်တွေအကြောင်း

■ ကြာစိပြောပြတဲ့ Five Stars အဖွဲ့သား တစ်ယောက်ချင်းစီရဲ့ အကြောင်းတွေ၊ အနုပညာ လမ်းကြောင်းပေါ်မှာ သူတို့ငါးယောက် ဘယ်လိုလက်တွဲ လျှောက်လှမ်းခဲ့သလဲ ဆိုတာတွေကို ကြာစိနဲ့ Five Stars ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေ သိရှိနိုင်စေဖို့ တင်ဆက်ပေးထားပါတယ်။

Cele’s Talk (ရုပ်သံ အစီအစဉ်)

■ ၂၀၁၇ ခုနှစ်ထဲမှာ ပြုလုပ်မယ့် နှင်းဆီအဖွဲ့ရဲ့ လှုပ်ရှားမှုတွေ

■ ထူးခြားတဲ့ တွေ့ဆုံမှုလေးတွေကို ပရိသတ်အတွက် ဖန်တီးပေးဖို့ရှိတဲ့ နေတိုးရဲ့ အစီအစဉ်တွေ

■ အနုပညာသက်တမ်း (၁၇)နှစ်အတွင်း သူ့ရဲ့ ဘ၀ဖြတ်သန်းမှု တစ်ချို့

■ သူစီစဉ်လျက်ရှိတဲ့

■ နေတိုးရဲ့ အချစ်ရေးနဲ့ ပရိသတ်ကို ပြောချင်တဲ့ စကားတွေအကြောင်းကို အခုတစ်ပတ် အစီအစဉ်ကနေ သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေ သိရှိစေဖို့ ရိုက်ကူး တင်ဆက်ပေးလိုက်ပါတယ်။