Current Interview (ရုပ်သံအစီအစဉ်)

၂၀၁၈ ခုနှစ် ဇွန်လပိုင်းက စပြီး တစ်ဖြည်းဖြည်း တက်လာတဲ့ နိုင်ငံခြားငွေလဲနှုန်း လက်ရှိမှာ တစ်ဒေါ်လာကို ကျပ် ၁၅၆၀ အထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။ သြဂုတ်လ ၁၅ ရက်မှာ တစ်ဒေါ်လာ ၁၅၀၀ ကျပ်ဖြစ်ခဲ့ပြီး တစ်ရက်အတွင်းမှာပဲ သြဂုတ်လ ၁၆ ရက်မှာ တစ်ဒေါ်လာကို ကျပ် ၆၀ အထိ ခုန်တက်ခဲ့ပါတယ်။

ဒေါ်လာဈေး မြင့်တက်နေမှုက ရက်ပေါင်း ၅၀ ကျော်လာပြီး စိုးရိမ်ရတဲ့ အနေအထားတွေ ရှိနေတဲ့အပေါ် ဒေါ်လာပြင်ပဈေးကွက်နဲ့ အမြဲထိတွေ့မှုရှိနေပြီး ပို့ကုန်/သွင်းကုန် စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဦးဆန်းဝင်းနဲ့ လက်ရှိ ဈေးကွက်အတွင်း ကြုံတွေ့နေရတဲ့အခြေအနေကို Current Interview တင်ဆက်ပေးလိုက်ပါတယ်။

၁။ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၀၀ ကျော်လာပြီး လက်ရှိ ဈေးနှုန်း အပြောင်းအလဲနဲ့ အရောင်းအဝယ်အခြေအနေ ဘယ်လိုရှိနေလဲဆိုတာကို ဦးဆန်းဝင်းက ခုလိုပြောပါတယ်။

၂။ လက်ရှိ ဒေါ်လာဈေး တက်နေရတာက အမေရိကန်ရဲ့ ငွေကြေးတန်ဖိုးမြင့်နေတဲ့ အကြောင်းတစ်ခုထဲကြောင့်လား ဆိုတာကိုတော့ လက်ရှိဈေးကွက်အတွင်းကအခြေအနေ အခုလို ဖြေထားပါတယ်။

၃။ သင်္ကြန်ပြီးနောက်ပိုင်းကနေ တောက်လျှောက် တက်လာတဲ့ ဒေါ်လာဈေး က အမေရိကန်ရဲ့ ငွေကြေးတန်ဖိုး မြင့်နေတဲ့အကြောင်း တစ်ခုထဲကြောင့်လား။

၎။ ယခင်က ဒေါ်လာဈေးက တစ်ဒေါ်လာ ၁၄၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့တဲ့ အခြေအနေမှာ ဈေးပြန်ကျအောင် ဖြေရှင်းခဲ့တဲ့ အခြေအနေတွေကို ခုလိုပြောပါတယ်။

၅။ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို ဒေါ်လာတွေ ထုတ်ရောင်းနေတဲ့ကြားက ဒေါ်လာဈေး စံချိန်တင်မြင့်တက်သွားတဲ့ အပေါ်ကိုလည်း ဦးဆန်းဝင်းက ခုလိုပြောထားပါတယ်။

၆။ ဗဟိုဘဏ်ရဲ့ ဆောင်ရွက်ပေးသင့်တဲ့ အခြေအနေကိုလည်း ခုလို အကြံပြုပေးထားပါတယ်။

Current Interview ( ရုပ်သံအစီအစဉ်)

မန္တလေးမြို့မှာ ၁၉၈၈ ခုနှစ်က စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးအရေးတော်ပုံ စတင်ချိန်မှာ ပါဝင်ခဲ့တဲ့ သပိတ်စစ်ကြောင်းတစ်ခုဖြစ်တဲ့ အောင်ဆန်း ကြယ်နီ သပိတ်စစ်ကြောင်း ဦးဆောင်သူ ဦးစိုးဝင်းမြင့်က သပိတ်စခန်းစတင်ခဲ့မှုအကြောင်း၊ အရေးတော်ပုံကာလအတွင်း မန္တလေးမြို့ရဲ့ အခြေအနေစတဲ့ အကြောင်းတွေကို Eleven Broadcasting ရဲ့ Current Interview ကဏ္ဍကနေ တင်ဆက်ပေးထားပါတယ်။

Current Interview (ရုပ်သံအစီအစဉ်)

လှိုင်သာယာစက်မှုဇုန်မှ စက်ရုံ ၁၄ ရုံ ဘာကြောင့် ပိတ်ခဲ့ရတာလဲ

လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံ ၁၄ ရုံ ဘာလို့ ပိတ်ခဲ့ရတာလဲ ဆိုတာကို ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းရဲ့ ပြောကြားမှုတွေကို Eleven Broadcasting ရဲ့ Current Interview အစီအစဉ်မှာ တင်ဆက်ပေးလိုက်ပါတယ်။

မြန်မာ့ရာသီဥတုပြောင်းလဲလာမှုနှင့် ဇူလိုင်လမှာမိုးရွာသွန်းမှုများပြီး ရေဖုံးလွှမ်းနိုင်မှုအခြေအနေ

  • ၂၀၁၈ ခုနှစ်ဇူလိုင်လမှာဆိုရင် မိုးရွာသွန်းမှုက တစ်ရက်ပျှမ်းမျှရွာသွန်းမှုထက် ပိုများမယ်လို့ မိုးလေ၀သ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ပုံမှန်အားဖြင့် မိုးလယ်ကာလလို့ပြောရမယ့် ဇူလိုင်လနဲ့ သြဂုတ်လတွေဟာ မြစ်ရေကြီးမှု အများဆုံးဖြစ်ပွားတဲ့ကာလတွေဖြစ်နေတာကြောင့် မိုးရွာသွန်းမှု များပြားမယ့် အခြေအနေနဲ့အတူ ရေကြီးရေလျှံမှုပြဿနာကိုလည်း ရင်ဆိုင်နိုင်ရခြေရှိနေပါတယ်။
  • ဒါ့ကြောင့် ဇူလိုင်နဲ့သြဂုတ်လတွေမှာ ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်မယ့်အခြေအနေတွေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ရာသီဥတုအနေအထားတွေကို မိုးလေ၀သပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ထွန်းလွင်ကို တွေ့ဆုံမေးမြန်းပြီးတင်ဆက်ပေးထားပါတယ်။

Current Interview (ရုပ်သံအစီအစဉ်)

မြန်မာနိုင်ငံမြောက်ပိုင်းကနေ လက်ရွေးစင်လူငယ် ဘောလုံးလောကကို အီစိုး ဘယ်လိုဖြတ်သန်းလာသလဲ။

ပညာရေးကံကြမ္မာ နိမ့်ပါးသွားချိန်မှာ ဘောလုံးလောကထဲ ရဲဝံ့စွာ ဘယ်လိုလျှောက်လှမ်းခဲ့သလဲ။

မြန်မာအသင်းရဲ့ အောင်မြင်တဲ့ကစားသမားဘ၀အိပ်မက်ကို ဘယ်လို ပုံဖော်မလဲ။

အီစိုးရဲ့ ပြည်တွင်းပြည်ပ Idol ကစားသမားတွေဟာ ဘယ်သူဖြစ်မလဲ။

အီစိုးပြောတဲ့ အီစိုးအကြောင်း

“Current interview” (ရုပ်သံအစီအစဉ်)

အမြင်အာရုံချို့တဲ့နေသော်လည်း တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးသုံးဘာသာစီဖြင့် အောင်မြင်ခဲ့သူသုံးဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

(၂၀၁၇-၁၈ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူတွေထဲမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ကြည့်မြင်တိုင်မျက်မမြင်ကျောင်းက ဝိဇ္ဇာဘာသာတွဲနဲ့ ဝင်ရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသားကျောင်းသူခြောက်ဦးရှိပြီး စာမေးပွဲအောင်မြင်သူ လေးယောက်ရှိခဲ့လို့ အောင်ချက် ၆၆% ကျော် ရှိခဲ့ပါတယ်။ အောင်မြင်တဲ့ ကျောင်းသားကျောင်းသူလေးဦးမှာလည်း သုံးဦးက သုံးဘာသာ ဂုဏ်ထူးတွေရခဲ့ပြီး တစ်ဦးကတော့ နှစ်ဘာသာ ဂုဏ်ထူးရရှိခဲ့တာဖြစ်လို့ ထူးချွန်စွာ အောင်မြင်ခဲ့ကြတာလို့ ဆိုရမှာဖြစ်ပါတယ်။

အဲ့ဒီလို အမြင်အာရုံချို့တဲ့နေပေမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသူတွေထဲက သုံးဘာသာဂုဏ်ထူးရှင် ကျောင်းသားကျောင်းသူသုံးဦးကို Eleven Broadcasting က အခုလို တွေ့ဆုံမေးမြန်းထားပါတယ်။)

Current Interview (ရုပ်သံအစီအစဉ်)

၂၀၁၈-၁၉ ပညာသင်နှစ်ကစပြီး ရန်ကုန်နဲ့ မန္တလေးရှိ တက္ကသိုလ် ၁၁ ကျောင်းဟာ ကျောင်းသားကျောင်းသူတွေကို တိုက်ရိုက် ရွေးချယ်မယ့်စနစ်နဲ့ ပြောင်းလဲခေါ်ယူမှာ ဖြစ်ပါတယ်။ အဲဒီတက္ကသိုလ် ၁၁ ထဲက တစ်ကျောင်းအပါအဝင်ဖြစ်တဲ့ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်ကနေ စစ်ဆေးခေါ်ယူသွားမယ့် ဝင်ခွင့်ပုံစံတွေနဲ့ ဘယ်လိုသတ်မှတ်ချက်တွေ ရှိလဲဆိုတာကို Eleven Broadcasting ရဲ့ Current Interview အစီအစဉ်ကနေ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်နဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

■ တက္ကသိုလ်ဝင်တန်း ပျှမ်းမျှရမှတ် ဘယ်လောက်ရှိတဲ့ ကျောင်းသားတွေ လျှောက်နိုင်လဲ။
■ ဝင်ခွင့်လျှောက်လွှာတွေကို ဘယ်လိုရယူရမလဲ။
■ ဝင်ခွင့်ပုံစံကို ဘယ်လိုဖြေဆိုရမှာလဲ။
■ ရမှတ်တစ်ခုတည်းနဲ့ ဆုံးဖြတ်တာ မဟုတ်တဲ့အတွက် ကျောင်းသားတွေအတွက် ဘယ်လိုအကျိုးသက်ရောက်နိုင်လဲ စတဲ့အကြောင်းတွေကို မေးမြန်းထားပါတယ်။

Current Interview (ရုပ်သံအစီအစဉ်)

ကျောက်တံတားရဲစခန်းအနီး မီးလောင်မှုဖြစ်စဉ်မှ ပိတ်မိနေသူအချို့အား သက်စွန့်ဆံဖျား ကယ်တင်ခဲ့သူများ

– မီးလောင်မှုဖြစ်စဉ်အခြေအနေ
– အသက်ကိုပဓာနမထား မီးဘေးမှကယ်တင်ခဲ့ရတဲ့ အနေအထားတွေကို မေးမြန်းတင်ဆက်ထားပါတယ်။