ချစ်ခြင်းရစ်သီ..သီတင်းကျွတ်အခါဆီ (ရုပ်သံအစီအစဉ်)

သီတင်းကျွတ်ကာလရောက်ပြီဆိုရင် လူကြီးမိဘဆရာသမားများကို ကန်တော့ခြင်း..အချင်းချင်း ချစ်ခင်ရင်းနှီးပျော်ရွှင်စွာနဲ့ သီတင်းကျွတ်ကာလကို ဖြတ်သန်းကြတာဟာ မြန်မာလူမျိုးများရဲ့ ချစ်စရာကောင်းတဲ့ဓလေ့တစ်ခုပါ။ သီတင်းကျွတ်ကာလမှာ လူကြီးမိဘဆရာသမားများအတွက် စစ်မှန်တဲ့ ၀ါကျွတ်လက်ဆောင်က ဘယ်လိုအရာမျိုးဖြစ်မလဲ…

City Hero (ရုပ်သံအစီအစဉ်)

သက်ရှိတွေနဲ့ ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို ကာကွယ်ကယ်တင်ပေးနိုင်တဲ့ သူရဲကောင်းတစ်ဦးဖြစ်ဖို့ နည်းလမ်းရှိပါတယ်။ ဒီနည်းလမ်းကို ကျင့်သုံးပြီး သင်ကိုယ်တိုင် သူရဲကောင်းအဖြစ် ခံယူလိုက်နိုင်ဖို့ တိုက်တွန်းနှိုးဆော် ရိုက်ကူးတင်ဆက်လိုက်ပါတယ်။

မြန်မာပြည်ကို အားကျတဲ့ နီပေါရဟန်းငယ် (Documentary – ရုပ်သံအစီအစဉ်)

လွန်ခဲ့တဲ့ ၁၃နှစ်က မြန်မာပြည်ရဲ့ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို လေးစားအားကျပြီး မြန်မာပြည်မှာ ပရိယတ္တိစာပေတွေကို လေ့လာလိုက်စားဖို့ အရှင်ညာဏ၀ုဓဟာ နီပေါနိုင်ငံကနေ မြန်မာပြည်ကို ကြွချီလာခဲ့ပါတယ်။ ရန်ကုန်မြို့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာမှာ ပဋိပတ်ကျင့်စဉ်တွေကို လေ့လာအားထုတ်ရင်းက တဖက်မှာလည်း ပရိယတ္တိစာပေတွေကို လေ့လာလိုက်စားခဲ့ပါတယ်။

အခုဆိုရင် ဓမ္မာစရိယ စာချတန်းစာဝါတွေကို လိုက်စားနေပြီး ဗုဒ္ဓပိဋကတ်တော်တွေကို အာဂုံဆောင်နိုင်တဲ့ ရဟန်းတော်တစ်ပါးဖြစ်ဖို့အထိ ရည်ရွယ်ချက်ရှိတဲ့ အရှင်ညာဏ၀ုဓဟာ မဟာဝိသုဒ္ဓါရုံ ပါဠိတက္ကသိုလ်မှာ စာချတန်းစာဝါနဲ့ ပိဋကတ်တော်တွေကို လေ့လာနေပါတယ်။ အရှင်ညာဏ၀ုဓရဲ့ ဘ၀နဲ့ခံယူချက် သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်နဲ့ သာသနာရေး ရည်မှန်းချက်တွေကို ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

မြန်မာ့မြေပေါ်မှာ ကမ္ဘာ့အမွေအနှစ်များ (ရုပ်သံအစီအစဉ်)

ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စတဲ့ပျူမြို့ဟောင်းတွေဟာ UNESCO ရဲ့ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခဲ့တာ (၃) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့အတွက် လိုအပ်တဲ့ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်တွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အချက်အလက်တွေကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးထားပါတယ်။

ဒွေးလွမ်းဆွတ်ခြင်း (၁၀) နှစ်ပြည့် အမှတ်တရပွဲ (ရုပ်သံအစီအစဉ်)

သရုပ်ဆောင် အကယ်ဒမီဒွေး ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့်ပွဲအနေနဲ့ ဒွေးကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ပန်ချီကားတွေနဲ့ ဒွေးကိုယ်တိုင်ဝတ်ခဲ့တဲ့ အ၀တ်အစားတွေကို လေလံတင်ရောင်းချတဲ့ အမှတ်တရပွဲကို ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

မမေ့နိုင်စရာ အာဇာနည်နေ့ပါ (ရုပ်သံအစီအစဉ်)

နှစ် ၇၀ မြောက်အာဇာနည်နေ့ကို ဂုဏ်ပြုလျက် ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ နိုင်ငံခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ အာဇာနည်နေ့အကြောင်းကို တင်ဆက်ပေးထားပါတယ်။

“နှစ်ပေါင်း ၇၀ တိုင်ခဲ့ပြီ” (နှစ် ၇၀ ပြည့် အာဇာနည်နေ့ အောက်မေ့ဖွယ် ရုပ်သံအစီအစဉ်)

■ ဗြိတိသျှကိုလိုနီနဲ့ ဖက်ဆစ်ဂျပန်တို့ရဲ့ လက်အောက်ကနေ လွတ်မြောက်ဖို့ ကြိုးပမ်းနေချိန် မြန်မာပြည်အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှု။

■ မြန်မာနိုင်ငံသားများ မမေ့သင့်၊ မမေ့အပ်တဲ့ သမိုင်းဝင်နေ့။

■ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့ဝန်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ နိုင်ငံတော်လုပ်ကြံမှုသမိုင်းကြောင်း။

■ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေက မှေးမှိန်ခဲ့ရတဲ့ မြန်မာတွေရဲ့ရင်ထဲက ဖျောက်ဖျက်မရနိုင်ခဲ့တဲ့ သမိုင်းကြောင်းတွေကို နှစ် ၇၀ ပြည့် အာဇာနည်နေ့ အောက်မေ့ဖွယ်အဖြစ် အလေးဂါရ၀ပြုလျက် တင်ဆက်ထားပါတယ်။

နှစ်ပေါင်း ၇၀ တိုင်ခဲ့ပြီ (ရုပ်သံအစီအစဉ်)

နှစ် ၇၀ ပြည့် အာဇာနည်နေ့ အောက်မေ့ဖွယ် ရုပ်သံအစီအစဉ်ကို ယနေ့ညနေ (၄) နာရီတွင် ထုတ်လွှင့်ပြသပါမည်။