အောက်တိုဘာ ၁၄ ရက်နေ့ ညပိုင်း သတင်းအစီအစဉ်

■ စက်ရုံခုနှစ်ရုံမှ အလုပ်သမားများစုပေါင်းပြီး အလုပ်သမား အခွင့်အရေးများ ရရှိရန်အတွက် ရန်ကုန်မြို့တွင် တောင်းဆိုဆန္ဒပြ

■ မော်လမြိုင်မြို့တွင် ယာဉ်စစ်ဆေးရန်တားဆီးသည့် ယာဉ်ထိန်းရဲကို ယာဉ်ပေါ်ပါလာသူက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယာဉ်ထိန်းနှင့် ပြည်သူတစ်ဦး ဒဏ်ရာရ

■ ဂျာမနီနိုင်ငံမြို့တော် ဘာလင်တွင် လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးအတွက် လူသိန်းချီ ချီတက်ဆန္ဒပြ

■ ဆိုမာလီယာတွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး ၁၆ ဦး သေဆုံး

အောက်တိုဘာ ၁၃ ရက်နေ့ ညပိုင်း သတင်းအစီအစဉ်

■ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာပါ ပြည်သူလူထု နစ်နာမှုငါးခုနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ ဒေါ်ညိုညိုသင်း တိုင်ကြား

■ ပညာရေးဝန်ထမ်းများနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ဒုတိယသမ္မတအား တောင်းဆို

■ ယူကရိန်းနိုင်ငံတွင်ပြုလုပ်နေသည့် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကြီးတွင် အမေရိကန် လေတပ်တပ်ဖွဲ့ဝင် အများအပြား ပါဝင်နေခြင်းကို ရုရှားအစိုးရ တာဝန်ရှိသူများ စိုးရိမ်စိတ်ပူနေ

■ မိုနာကိုအသင်းနည်းပြအဖြစ် အွန်နရီ ခန့်အပ်ခံရပြီး စိန်ခေါ်မှုများကို အကောင်းဆုံးရင်ဆိုင်သွားမည်ဟု ကြုံးဝါး

အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်း သတင်းအစီအစဉ် (ည ၈ နာရီ တိုက်ရိုက်တင်ဆက်မှု)

■ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံရသည့် ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးပါ ၆ ဦး ၏ အမှုတွင် တရားလိုက သက်သေခံတင်သွင်းသော ကနဦး တိုင်တန်းချက်ကို လက်ခံသင့်မခံသင့် နှစ်ဖက် လျှောက်လဲချက် ကြားနာ

■ လင်းခေးခရိုင်နမ့်တိန်းချောင်း ရေကြီးရေလျှံခြင်းကြောင့် အနိမ့်ပိုင်းဒေသများ ရေနစ်မြုပ်နေသည်မှာ ဆယ်ရက်တာ ကြာပြီဟု ဒေသခံများ ပြော

■ ဗင်နီဇွဲလားသမ္မတ မာဒူရိုက ၎င်းကို လုပ်ကြံရန် ဒေါ်နယ်ထရန့်အစိုးရ ကြိုးပမ်းနေဟု စွပ်စွဲ

■ လီယွန်နယ်မက်ဆီ၏ ဘ၀ဇာတ်ကြောင်းကို ကမ္ဘာကျော်ပြဇာတ်အဖြစ် မြင်တွေ့ရတော့မည် အစရှိတဲ့ နောက်ဆုံရ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေ ပါဝင်ပါတယ်။

အောက်တိုဘာ ၁၁ ရက် ညပိုင်းသတင်း အစီအစဉ်


■ ပြည်တွင်းစက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုအား လျော့နည်းသက်သာစေရန် အရန်ဆီ ဂါလန် ၂ သန်း ရောင်းချပေးမည်

■ ကြည့်မြင်တိုင် ကမ်းနားလမ်းတွင် ကွန်တိန်နာယာဉ်မောင်းများက ယာဉ်များရပ်တန့် ဆန္ဒပြတောင်းဆိုမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့

■ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၆၀၀ နီးပါး ပြန်ဖြစ်လာပြီး အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၁၀ သိန်း

■ အမေရိကန်၏ သဘောတူညီမှုမရှိဘဲ မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုများကို တောင်ကိုရီးယားဘက်က ရုတ်သိမ်းမည်မဟုတ်ဟု ဒေါ်နယ်ထရန့်ပြောကြား

အစရှိတဲ့ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတွေ ပါဝင်ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် (ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု)

■ အောင်ရဲထွေး အသတ်ခံရမှုကို အရှေ့ပိုင်းခရိုင်တရားရုံးတွင် အစမှပြန်လည် စစ်ဆေးမည်ဖြစ်ပြီး တရားလိုပြ သက်သေ(၂၂)ဦး တင်သွင်းထား

■ နိုင်ငံခြားငွေလဲနှုန်း ပြင်ပဈေးကွက်တွင် ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေပြီး ပုဂ္ဂလိကဘဏ်များတွင် တစ်ဒေါ်လာ ကျပ် ၁၅၅၀ မှ ၁၅၇၀ ကြားဖြင့်ရောင်းချ

■ ကျူးကျော်မှုကို တွန်းလှန်ချေမှုန်းသည့် စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို ထိုင်ဝမ်စစ်တပ် ပြုလုပ်

■ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်စီးတီးနှင့် လီဗာပူးလ် နှစ်သင်းသာ အပြိုင်လုရမည်ဟု အလန်ရှီးယား သုံးသပ် အစရှိတဲ့ နောက်ဆုံးရ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေ ပါဝင်ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ ညပိုင်း သတင်းအစီအစဉ်

■ စစ်တွေအကျဉ်းထောင် ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာန တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

■ ဖုယွမ်စက်ရုံ အလုပ်သမား သပိတ်မှ အလုပ်သမားများနှင့် အခြားအလုပ်သမားအဖွဲ့များ ရန်ကုန်မြို့တွင် စုပေါင်းဆန္ဒဖော်ထုတ်

■ စကော့တလန်တွင် လူတစ်သိန်းနီးပါး ပါဝင်သော လွတ်လပ်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲကြီး ပြုလုပ်ခဲ့

■ အကျဉ်းချခံထားရသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ဆေးရုံတင်ထားရ

အောက်တိုဘာ ၆ ရက်နေ့ ညပိုင်း သတင်းအစီအစဉ်

■ အဂတိကင်းစင်ရေးတွင် ကျောသားရင်းသား မခွဲခြားထားဟု သမ္မတဦးဝင်းမြင့် မကွေးမြို့တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပြီး တွေ့ဆုံပွဲတွင် သမ္မတထံ တိုက်ရိုက်တိုင်စာပေးသူ ၉ ဦး ရှိခဲ့

■ စစ်တွေအကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးရှိသည်ဟု သတင်းအရ စစ်ဆေးရာ စစ်ဆေးမခံဘဲ ပြန်လည်ခုခံသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တိုးမြှင့်ချထား

■ မြောက်ကိုရီးယားခရီးစဉ် မတိုင်မီ ဆွေးနွေးမှုများပြုလုပ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီရို တိုကျိုမြို့သို့ ရောက်ရှိလာ

■ အသင်းလိုက်စိတ်ဓါတ် ပျောက်ဆုံးနေခြင်းက မိမိ၏ အမှားမဟုတ်ဟု မန်ယူနည်းပြမော်ရင်ဟို ဆို

အစရှိတဲ့ နောက်ဆုံးရ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေပါဝင်ပါတယ်။

အောက်တိုဘာလ ၅ ရက် နေ့လယ်ပိုင်း သတင်းအစီအစဉ်

 

■ မိုင်းသောက် သဘာဝကျွန်းရိုင်းတော ဧက ၉၀ နှင့်ပတ်သက်ပြီး ပြန်လည်စစ်ဆေးရန် စိစစ်ရေးကော်မတီ ဖွဲ့စည်း၍ စစ်ဆေးမှုများ စတင် လုပ်ဆောင်မည်

■ ရှားပါး စကော့ဝီစကီကို ကမ္ဘာ့စံချိန်တင်ဈေး ဒေါ်လာ ၁.၀၉ သန်းခန့်ဖြင့် ရောင်းချခဲ့ရ

■ ကင်မ်ကာဒစ်ရှန် ပဲရစ်မြို့တွင် လုယက်ခံရမှုနှင့် ပတ်သက်၍ အာမခံကုမ္ပဏီက သူမ၏ သက်တော်စောင့်ကို တရားစွဲ အစရှိတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။