(Exclusive Interview) (ရုပ်သံအစီ အစဉ်)

“လာမယ့်နှစ်မှာ အနောက်နိုင်ငံ က ပြည်တွင်းခရီးသွားဝင်ရောက်မှု ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း ကြားလျှော့ကျသွားနိုင်တယ်” “နိုင်ငံတကာ ဖိအားတွေ နှင့် လာမယ့် ခရီးသွားရာသီ အခြေအနေ အပြောင်းအလဲ”(ရုပ်သံအစီအစဉ်) မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း အကြံပေး ဦးဖြိုးဝေရာဇာနှင့်တွေ့ဆုံခြင်း – မကြာခင်ရောက်လာတော့မယ့် ခရီးသွားရာသီမှာ ပြည်ပ ခရီးသွား ဝင်ရောက်မှု အခြေအနေ အပြောင်း အလဲ ၊ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံတကာဖိအားတွေကြောင့် ဘာတွေ အပြောင်းအလဲ ရှိနိုင်မလဲ၊ အပြောင်းအလဲ နဲ့အတူ ပြင်ဆင် လုပ်ကိုင်ရမယ့် အခြေအနေတွေကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေး ကွက်မြှင့်တင်ရေးအသင်းအကြံပေး ဦးဖြိုးဝေရာဇာ နဲ့ မေးမြန်းထားမှုကို ဒီတစ်ပတ်ရဲ့ Exclusive Interview အစီအစဉ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။

ဆည်၊တာတမံ ကျွမ်းကျင်သူဦးချိုချိုနှင့် တွေ့ဆုံမေးမြန်းခြင်း (ရုပ်သံအစီအစဉ်)

“မြန်မာနိုင်ငံမှာတည်ဆောက်ပြီးရင် ပြန်လည်ထိန်းသိမ်းမှုအပိုင်းအားနည်းတယ်၊ ဆည်တာတမံကိုတော့ အဲဒီလိုမလုပ်ကြပါနဲ့၊သူကအန္တရာယ်ပေးတတ်ပါတယ်” – ဆွာဆည် ရေပိုလွှဲ လက်တံမြောင်းနံရံ ပြိုကျမှုကြောင့် ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသလို ၊ လက်ရှိမှာလည်း ဆည်တွေရဲ့ ရေပိုလွှဲကနေ ရေကျော်နိုင်တဲ့ ဆည် ၅၀ ကျော်ရှိတဲ့အတွက် ဆည်အနီး နေထိုင်ကြသူတွေသတိထားဖို့လည်းထုတ်ပြန်ထားပါတယ်။ ဒီတစ်ပတ်ရဲ့ Exclusive Interview အစီအစဉ်မှာတော့ ဆည်တွေရဲ့ သက်တမ်း ၊ ဆည်တွေရဲ့ ကြံ့ခိုင်မှုအပိုင်း ၊ တည်ဆောက်ပြီးနောက် ပြန်လည်ပြုပြင်ထိန်းသိမ်းမှု အားနည်းချက် ရှိနေတဲ့အခြေအနေတွေကို ယခင်ဆည်မြောင်းဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ချိန် ဒီဇိုင်း၊ တည်ဆောက်ရေးအပိုင်း တွေကိုထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ ဦးချိုချို နဲ့ တွေဆုံမေးမြန်းပေးထားပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း(Exclusive Interview)

– ပြည်တွင်း သုံးစွဲမှုလိုအပ်ချက် ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပကနေ တင်သွင်းနေရတဲ့ စက်သုံးဆီကဏ္ဍမှာ ဒေါ်လာဈေးမြင့်တက်နေမှုနဲ့အတူ လိုက်ပါ မြင့်တက်နေတဲ့ စက်သုံးဆီဈေးနှုန်းကြီးမြင့်နေမှုကို ဘယ်လို ဖြေရှင်းလို့ရမလဲ။

– လက်ရှိမြင့်တက်နေတဲ့ စက်သုံးဆီဈေးနှုန်းက ပြန်ကျနိုင်ပါ့မလား၊ စက်သုံးဆီဈေးနှုန်းမြင့်တက်နေမှုကို အစိုးရ နှင့် စက်သုံးဆီအသင်းကရော ဘာတွေလုပ်ဆောင်နေကြလဲဆိုတာကိုတော့ ဒီတစ်ပတ် ရဲ့ Exclusive Interview အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။

တည်ငြိမ်တဲ့ ငွေကြေးဈေးကွက်ဖြစ်ဖို့ ဘာတွေလုပ်ဆောင်သင့်လဲ ဒေါက်တာစိုးထွန်းနှင့် တွေ့ဆုံခြင်း(Exclusive Interview)

ဇွန်လအတွင်းက စတင်ပြီး မတည်မငြိမ်ဖြစ်လာတဲ့ နိုင်ငံခြားငွေလဲနှုန်းက သြဂုတ်လအတွင်းမှာတော့
တစ်ဒေါ်လာကို ကျပ် ၁၅၀၀ ကျော်လာခဲ့ပါတယ်။ ပြည်တွင်းမှာ ကျပ်ငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာဈေး
မြင့်တက်နေမှုက စီးပွားရေးအကြပ်အတည်း ဘာတွေကြုံတွေ့နိုင်လဲ။ ငွေလဲနှုန်းမတည်ငြိမ်တာကြောင့်
စီးပွားရေးလုပ်ကိုင်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်စေတဲ့အခြေအနေတွေကို သတိပြုနိုင်ဖို့ မြန်မာ့စီးပွားရေး လေ့လာသူတစ်ဦးလဲဖြစ် လုပ်ငန်းရှင်လဲဖြစ်တဲ့ ဒေါက်တာစိုးထွန်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

ဆန်တင်ပို့မှုဖြင့် ပို့ကုန်ဝင်ငွေ တိုးနိုင်ဖို့ ယခုနှစ် အမှန်တကယ်အားထားနိုင်ပါ့မလား

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးနေလင်းဇင်နှင့် တွေ့ဆုံမေးမြန်းခြင်း(Exclusive Interview)

-နှစ်စဉ်ကြုံတွေနေရတဲ့ ရေကြီးနှစ်မြှပ်မှု အခြေအနေတွေကြောင့် ယခုနှစ်မှာရော လယ်ယာမြေ
ဧက ဘယ်လောက် ပျက်စီးဆုံးရှုံးခဲ့လဲ၊ အစိုးရပိုင်းရဲ့ ကြိုတင်ပြင်ဆင်မှုတွေကရော အားကောင်းနေရဲ့လား။
– ဒေါ်လာဈေး မြင့်တက်နေပြီး မြန်မာငွေကြေး တန်ဖိုးကျဆင်းနေပေမယ့် ပို့ကုန်ဝင်ငွေကို
အားထားသင့်တယ်လို့ ပြောနေတာဟာ တကယ်လက်တွေ့မှာ အလုပ်ဖြစ်ပါ့မလား။
– ၂၀၁၇-၂၀၁၈ ခုနှစ်မှာ ဆန် ပြည်ပတင်ပို့မှု တန်ချိန် သုံးသန်းခွဲကျော်ရှိခဲ့ပေမယ့် ၂၀၁၈-၂၀၁၉
ခုနှစ်မှာကရော ပြည်ပတင်ပို့မှု တိုးလာနိုင်ပါ့မလား ဆိုတဲ့ အကြောင်းအရာတွေကို မြန်မာနိုင်ငံ
ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးနေလင်းဇင်နဲ့ မေးမြန်းထားမှုမှာ ကြည့်ရှုရမှာဖြစ်ပါတ.်။

“သေကြောင်းကြံစည်မှုဖြစ်စဉ်တွေ ဘယ်လိုဝိုင်းဝန်း ရပ်တန့်ကြမလဲ”

စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာ သန့်ဇော်နှင့် တွေ့ဆုံခြင်း (Exclusive Interview) (ရုပ်သံ)

အခုရက်ပိုင်းအတွင်း အတွေ့များနေတာကတော့ ကိုယ့်ကိုကိုယ်အဆုံးစီရင်တဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်၊

ဇူလိုင်လအတွင်း ကြိုးဆွဲချ သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေက လပွတ္တာ မြို့နယ်မှာ သားသမီး ၆ ဦးကို ထားခဲ့ပြီး မိဘနှစ်ဦးက အဆုံးစီရင်ခဲ့တဲ့ဖြစ်စဉ် ၊ မြောက်ဥက္ကလာ မြို့နယ်မှာ ဆယ်ကျော်သက် လူငယ်တစ်ဦး ကြိုးဆွဲချအဆုံးစီရင်ခဲ့သလို မန္တလေး ချမ်းမြသာစည် မြို့နယ်မှာလည်း ထော်လာဂျီမောင်းသူ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ပါတယ်။

 

ဒီဖြစ်စဉ်တွေအပေါ်ကို အခြေခံပြီး ဒီတစ်ပတ်ရဲ့ Exclusive Interview အစီအစဉ်မှာ လူတစ်ဦး တစ်ယောက်အနေနဲ့ လူမှုပတ်ဝန်းကျင်မှာ ကြုံတွေ့လာတဲ့ဆင်းရဲဒုက္ခတွေ ၊ စိတ်ပင်ပန်းမှုတွေကို ဘယ်လို ခံယူချက်နဲ့ ကြိုးစားရှင်သန်သင့်လဲ ၊ ကိုယ့်ပတ်ဝန်းကျင်က စိတ်ဓာတ်ကျစရာတွေနဲ့
ကြုံတွေ့နေသူတစ်ယောက်ကို ဘယ်လို ဖေးမကူညီကြမလဲဆိုတာကို စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာ သန့်ဇော် နှင့် တွေ့ဆုံမေးမြန်းပြီး တင်ဆက်ပေးလိုက်ပါတယ်..

ပါမောက္ခဒေါက်တာ အောင်ထွန်းသက်နှင့် တွေ့ဆုံခြင်း (Exclusive Interview)

■ မြန်မာနိုင်ငံအနေနဲ့ အဂတိလိုက်စားမှု သတ်မှတ်ချက်အဆင့်တွေမှာ နိုင်ငံတကာနဲ့ယှဉ်ရင် အဆင့် ၁၇၀ ကျော်မှာ ဘာကြောင့်ရှိနေတာလဲ။

■ စီးပွားရေးလုပ်ငန်းတွေမှာ တစ်ဦးချင်း၊ တစ်ယောက်ချင်း ကုမ္ပဏီတစ်ခုချင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကတိကဝတ်ပြု လက်မှတ်တွေ မထိုးမဖြစ် ထိုးသင့်တဲ့ အခြေအနေ၊ နိုင်ငံတကာ အသိအမှတ်ပြု UNGC အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံက လုပ်ငန်းရှင် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရင် ဘယ်လို အကျိုးဆက်တွေ ရှိနိုင်မလဲဆိုတာတွေကို စီးပွားရေးပညာရှင်ဖြစ်သူ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နှင့် မေးမြန်းထားမှုကို တင်ဆက်ပေးလိုက်ပါတယ်။

Exclusive Interview (ရုပ်သံအစီအစဉ်)

ရက်ပိုင်းအတွင်း ဒေါ်လာငွေလဲနှုန်း ဆက်တိုက်မြင့်တက်ပြီး မြန်မာငွေတန်ဖိုးကျဆင်းနေမှုအကြောင်းအရင်းက ဘာကြောင့်လဲ

သွင်းကုန်များပြီး ပို့ကုန်နည်းနေတဲ့ မြန်မာ့စီးပွားရေးမှာ ဒေါ်လာဈေးမြင့်တက်နေမှုက ဘယ်လောက်အထိ ရိုက်ခတ်မှုရှိမလဲ

မြန်မာ့စီးပွားရေးရဲ့ ပို့ကုန်ကဏ္ဍအတွက် ဘယ်လိုတွေ အဖြေရှာကြမလဲ

စတဲ့အကြောင်းအရာတွေကို မြန်မာနိုင်ငံ ရေထွက်ပစ္စည်းတင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဌ ဒေါ်တိုးနန္ဒာတင် နဲ့ Exclusive Interview အစီအစဉ်ကနေ တွေ့ဆုံမေးမြန်းထားပါတယ်။