Feature (ရုပ်သံအစီအစဉ်)


■ စိတ်ပျက်ဖွယ် ရလဒ်များနဲ့ မြန်မာအားကစားအဖွဲ့ရဲ့ အာရှအားကစားပြိုင်ပွဲ
■ ၂၀၁၈ အာရှအားကစားပြိုင်ပွဲဟာ မြန်မာအားကစားလောကရဲ့ အမှောင်ခေတ်ပါပဲ။ ရွှေရောင်မျှော်လင့်ချက်ထားရှိခဲ့တဲ့ လှေလှော်၊ ပိုက်ကျော်ခြင်း၊ ၀ှူရှူး အားကစားနည်းတွေရဲ့ အဆုံးသတ်ရလဒ်က လည်း စိတ်ပျက်ဝမ်းနည်းဖွယ်ရာပါပဲ။
■ ဒီလို စိတ်ပျက်ဝမ်းနည်းဖွယ်အကျိုးဆက်တွေရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိနေခဲ့တာလဲ။
■ အာရှအဆင့်နိုင်ငံတွေကိုသာမက အရှေ့တောင်အာရှဒေသတွင်း နိုင်ငံငယ်တွေကိုပါ အညံ့ခံလာရတဲ့ မြန်မာအားကစားလောကရဲ့ အမှောင်ခေတ်ကို ဘယ်လိုအဆုံးသတ်မလဲ။
■ ပရိသတ်တွေကရော ကစားသမားတွေကို အပြစ်တင်ရုံ၊ မချင့်မရဲဖြစ်ရုံနဲ့ ကျေနပ်နေရမှာလား။
■ အစိုးရ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အားကစားအဖွဲ့ချုပ်နဲ့ အားကစားသမားတွေ ပူးပေါင်းပြီး အားကစားလောကရဲ့အရွေ့ကို ဘယ်လိုပုံဖော်ကြမလဲ။
■ ကဏ္ဍစုံ နိမ့်ကျနေတဲ့ နိုင်ငံတစ်ခုမှာ အားကစားက ပြည်သူလုထုကို ပျော်ရွှင်စရာတွေ မပေးနိုင်တော့ဘူးလို့ဆိုရပါမယ်။

Feature (ရုပ်သံအစီအစဉ်)

အမြင့်ဈေးရောက် ဆန်ဈေး ဘယ်ထိဆက်ရှိနေဦးမလဲ

■ လက်ရှိ စားသောက်ကုန်ဈေးကွက်မှာ အခြေခံစားကုန်ဖြစ်တဲ့ ဆန်ဈေးနှုန် မြင့်တက်နေပြီး ဆန်အမျိုးအစားအလိုက် ဆန်ဈေးတွေ မြင့်တက်နေတဲ့ဒဏ်ကို ပြည်သူတွေ ခံစားနေရပါပြီ။

■ ပြည်တွင်းရဲ့ ဒေါ်လာဈေး မြင့်တက်နေတဲ့အတွက် ပြည်ပတင်ပို့နေတဲ့ ဆန်ဈေးကွက်အတွက် အကျိုးအမြတ်ရှိပေမယ့် ဆန်ဝင်ရောက်မှုနည်းတဲ့ ရာသီဖြစ်တဲ့အတွက် ပြည်တွင်းစားသုံးမှု ဆန်ဈေး မြင့်တက်နေတာ ဖြစ်ပါတယ်။

■ ဒေါ်လာဈေး ရိုက်ခက်ခဲ့တဲအတွက် ပြည်တွင်းစားသုံးနေတဲ့ ဆန်ဈေးကွက်ကို တိုက်ရိုက် မထိခိုက်ပေမယ့် အနည်းငယ်တော့ အကျိုးသက်ရောက်မှုတော့ ရှိမှာပါ။

Feature (ရုပ်သံအစီအစဉ်)

“အချိန်အနည်းငယ်အတွင်း၌ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည့် စစ်ကိုင်းရှစ်လေးလုံး အရေးတော်ပုံ”

၁၉၈၈ ခုနှစ် ၈ လပိုင်း ၈ ရက်နေ့ဟာ မြန်မာပြည်သူလူထု တစ်ရပ်လုံး လက်တွဲညီစွာ အသက်သွေးချွေးများဖြင့် ရင်းပြီး စစ်အာဏာရှင်ခေတ် တစ်ခေတ်ကို တွန်းလှန် ဖြိုဖျတ်နိုင်ခဲ့ပြီး မြန်မာ့နိုင်ရေးသမိုင်းမှာ သမိုင်းဝင်နေ့ရက် တစ်ရက် ဖြစ်ခဲ့ပါတယ်။

အဲဒီသမိုင်းဝင် ၈၈၈၈ လူထု အရေးတော်ပုံကြီးတွင် မြန်မာပြည်အလယ်ပိုင်း ဧရာဝတီ၏ အသည်းနှလုံးလို့ တင်စားခံရတဲ့ စစ်ကိုင်းမြို့မှာလည်း ရှစ်လေးလုံး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တစ်နိုင်ငံလုံး ၈ လ ၈ ရက် ၈၈ မှာ ဒီမိုကရေစီ ရရှိရေး၊ စစ်အာဏာရှင် ပြုတ်ကျရေး၊ တစ်ပါတီ အာဏာရှင်စနစ် ဖျတ်သိမ်းရေးအတွက် လူထုအရေးတော်ပုံ ဆန္ဒထုတ်ဖော်မှုတွင် စစ်ကိုင်းမြို့သူမြို့သား၊ နယ်သူနယ်သားများ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

သွေးသစ်လောင်းထားတဲ့ မြန်မာ့မြားပစ်အဖွဲ့ ရဲ့ အနာဂတ်အိပ်မက် (ရုပ်သံအစီစဉ်)

ဝါရင့်ကစားသမားတွေ အနားယူသွားတာကြောင့် မျိုးဆက်သစ် ကစားသမားတွေနဲ့ ပြန်လည် ဖွဲ့စည်းထားတဲ့ မြန်မာ့မြားပစ်အသင်း လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ မြားပစ်အသင်းရဲ့ အနာဂတ်အိပ်မက် အာရှအားကစားပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေမှုအခြေနေ အာရှအားကစားပြိုင်ပွဲမှာ  မြန်မာ့မြားပစ်အသင်းရဲ့ အောင်မြင်မှုကို ပြန်လည်ရှာဖွေနိုင်မလား

 

အာဇာနည်နေ့ ကိုယ်တွေ့မြင်ကွင်း (Feature Interview- ရုပ်သံအစီအစဉ်)

၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့က အတွင်းဝန်များရုံးမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ အစိုးရအဖွဲ့ ၀န်ကြီးများ အစည်းအဝေးကို ပြုလုပ်နေစဉ် ဂဠုန်ဦးစောနှင့် အပေါင်းအပါတစ်စုက သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့ပါတယ်။ အဲဒီလုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး ကျဆုံးခဲ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်ခံရချိန်မှာ သတင်းရယူခဲ့တဲ့ ဟံသာဝတီသတင်းစာတိုက်ရဲ့ နိုင်ငံရေးသတင်းထောက်တစ်ဦးဖြစ်ခဲ့သူ ၀ါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်ကို သူတွေ့ကြုံခဲ့ရတဲ့ အာဇာနည်နေ့ ကိုယ်တွေ့မြင်ကွင်းတွေကို တွေ့ဆုံမေးမြန်းပြီး တင်ဆက်ပေးထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ မကျဆုံးခဲ့ရင် (ရုပ်သံအစီအစဉ်)

၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဦးအောင်ဆန်း (ခေါ်) ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ အာဇာနည်ခေါင်းဆောင်ကိုးဦးကို ဂဠုန်ဦးစောနဲ့ အပေါင်းအပါတစ်စုက သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အဲဒီလို လုပ်ကြံသတ်ဖြတ်ခံရမှုဟာ ဗြိတိသျှကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးအရယူဖို့ အရေးအကြီးဆုံး အချိန်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံအတွက် တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါပဲ။

အခုလို လုပ်ကြံသတ်ဖြတ်ခြင်းမခံရပဲ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ သူတို့တာဝန်ယူ ဆောင်ရွက်နေတဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတော်တည်ဆောက်ရေးတာဝန်တွေကို ပြည့်ဝစွာ ထမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ဒီနေ့ကာလ မြန်မာပြည်ရဲ့ အခြေအနေဟာ နိုင်ငံတကာမှာ မျက်နှာငယ်ရမယ့် အနေအထားရောက်ခဲ့မှာ မဟုတ်ပါဘူး။

ငါတို့တုန်းက တက္ကသိုလ်နဲ့ အတိတ်ဟောင်းက သောင်းပြောင်းထွေလာ” (အပိုင်း ၃) (ရုပ်သံအစီအစဉ်)

ကံ့ကော်တော၊ အင်းယားကန်၊ သက်တမ်းအရှည်ဆုံး အမိတက္ကသိုလ်ရဲ့ အဓိပတိလမ်းနဲ့ ဘွဲ့နှင်းသဘင်၊ အထင်ကရရှိလှတဲ့ သစ်ပုပ်ပင်၊ တက္ကသိုလ်စာကြည့်တိုက်နဲ့ အဆောင်တွေဟာ ဟိုးအရင်ကလိုဘဲ အမှတ်တရတွေနဲ့ ယခုတိုင် ဆက်လက် ရပ်တည်နေဆဲပါ။

ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးမှုများ လျော့နည်းစေဖို့….. (ရုပ်သံအစီအစဉ်)

၂၀၁၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာဆိုရင် နှစ်စဉ် လူဦးရေများစွာ တစ်ပြိုင်နက် ဒုက္ခရောက်စေတဲ့ သဘာဝဘေးအခြေအနေ တစ်ရပ်ကတော့ မိုးတွင်းကာလ “ရေကြီးမှု” ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ လူဦးရေ ၂၅ သိန်းကျော်ဟာ ရေဘေးဒဏ်သင့်ခဲ့ရပြီး ယခုနှစ်မိုးဦးကာလမှာလည်း ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ လေးသောင်းကျော် ရေဘေးဒဏ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရေဘေးဒဏ်ကို နှစ်စဉ်ခံစားနေရတာကြောင့် အစိုးရအနေနဲ့ ရေဘေးအန္တရာယ် ကြုံလာမှ ကူညီကယ်ဆယ်ပေးခြင်းထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ဆောင်ရွက်ထားဖို့အတွက် ဒေသတွင်း ကူညီကယ်ဆယ်ရေး လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းနေပါတယ်။