Football Talkshow (ရုပ်သံအစီအစဉ်)

Champions League အင်တာမီလန် – စပါး (စက်တင်ဘာလ ၁၈ ရက်၊ မြန်မာစံတော်ချိန် ည ၁၁း၂၅ နာရီ) လီဗာပူးလ် – PSG (စက်တင်ဘာလ ၁၉ ရက်၊ မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီ)

■ အုပ်စုကျပ်ထဲ ကျရောက်နေတဲ့ ပရီးမီးယားလိဂ်ထိပ်သီး လီဗာပူးလ်နဲ့ စပါးအသင်းတို့က ပထမဆုံးစိန်ခေါ်သံကို အောင်မြင်စွာကျော်ဖြတ်နိုင်မလား။

■ စီးရီးအေမှာ အခြေအနေမကောင်းတဲ့ အင်တာမီလန်အသင်းနဲ့ပွဲမှာ စပါးအသင်း ရလဒ်ကောင်းမလား။ လီဗာပူးလ်အသင်းကရော PSG ကို အိမ်ကွင်းမှာ အသာစီးယူနိုင်မလား။

■ ဆာလာ၊ မာနေ၊ ဖေမီနို နဲ့ ဘာပေ၊ နေမာ၊ ကာဗာနီ၊ ဘယ်တိုက်စစ်အတွဲ ဂိုးတွေသွင်းနိုင်မလဲ စတဲ့ အကြောင်းအရာတွေကို Eleven Sports ရဲ့ အကြီးတန်းအယ်ဒီတာ ကိုလင်းအာကာနဲ့ အားကစားအစီအစဉ်တင်ဆက်သူ ကိုနိုင်နိုင်ထွန်းတို့က ဆွေးနွေးသုံးသပ်ထားပါတယ်။

Football Talkshow (ရုပ်သံအစီအစဉ်)


■ UEFA Nations League

■ ဥရောပထိပ်သီးအသင်းတွေ ရင်ဆိုင်တွေ့ပြီး အမှတ်ပေးပုံစံနဲ့ ကစားမယ့် UEFA ရဲ့UEFA Nations League စိတ်ကူးသစ်က ဘယ်လောက်အောင်မြင်မလဲ။

■ နိုင်ငံတကာခြေစမ်းပွဲတွေအပေါ် အာရုံစိုက်မှုလျော့ကျခဲ့တဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရေချိန်ကို ဒီပြိုင်ပွဲက ဘယ်လောက်အထိ ဆွဲဆောင်နိုင်မလဲ။

■ ဒီပြိုင်ပွဲအပေါ် ပရိသတ်စိတ်ဝင်စားမှုကရော ဘယ်လောက်အထိရှိနိုင်မလဲ။

■ ပြိုင်ဆိုင်မှုပြင်းထန်နိုင်တဲ့ပွဲစဉ်တွေအတွက် နာမည်ကျော်ကစားသမားတွေစေလွှတ်ထားရတဲ့ ကလပ်အသင်းတွေကရော ကျေနပ်မှုရှိပါ့မလား။

■ ဒီပြိုင်ပွဲဖြစ်ပေါ်လာပုံအကြောင်း၊ ကစားသမားတွေကိုယ်တိုင် နားမလည်သေးတဲ့ပြိုင်ပွဲကျင်းပပုံစံတွေနဲ့ မက်လောက်စရာဆုကြေးငွေတွေအပြင် ဒီနေ့ညမှာ ကစားမယ့် ဂျာမနီ နဲ့ ပြင်သစ်ပွဲစဉ်၊ စနေနေ့မှာကစားမယ့် အင်္ဂလန် နဲ့ စပိန်အသင်းတို့ရဲ့ ပွဲစဉ်တွေအတွက် ပွဲကြိုသုံးသပ်ချက်အကျဉ်းချုပ် အကြောင်းအရာတွေကို Eleven Sports ရဲ့ အကြီးတန်းအယ်ဒီတာ ကိုလင်းအာကာ၊ လက်ထောက်အယ်ဒီတာ ကိုနေလင်းထက်နဲ့ အစီအစဉ်တင်ဆက်သူ ကိုနိုင်နိုင်ထွန်းတို့က သုံးသပ်တင်ဆက်ပေးထားပါတယ်။

■ Football Talkshow အစီအစဉ် (ရုပ်သံအစီအစဉ်)

နယူးကာဆယ် နှင့် ချယ်လ်ဆီး (၂၆-၈-၂၀၁၈ မြန်မာစံတော်ချိန် ည ၉း၃၀ နာရီ)

■ နယူးကာဆယ်အသင်းရဲ့ လက်ရှိခြေစွမ်းအခြေအနေ

■ (၂)ပွဲကစားပြီး ရမှတ်ပြည့် (၆)မှတ်ရရှိထားသလို၊ သွင်းဂိုး (၆)ဂိုးအထိရရှိထားတဲ့ ချယ်လ်ဆီးအသင်းရဲ့ လက်ရှိခြေစွမ်းအခြေအနေ

■ နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်မှာ ပုံမှန်ခြေစွမ်းပြနေတဲ့ ရှယ်လ်ဗီ

■ ဂျော်ဂျင်ဟိုနဲ့ ကွန်တီတို့က တစ်ဦးချင်းကစားပုံကောင်းမွန်ပေမယ့် ခံစစ်ကိုကူညီတဲ့အခါ ပြဿနာရှိတယ်။ အဲ့ဒီအပေါ် အမြင်

■ စိန့်ဂျိမ်းပတ်ဒ်မှာ ရုန်းကန်ရလေ့ရှိတဲ့ ချယ်လ်ဆီးအသင်း ဒီပွဲစဉ်မှာရော ရလဒ်ကောင်းနိုင်ပါ့မလား စတဲ့အကြောင်းအရာတွေကို First Eleven Sports Journal ရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်သူမြင့်နဲ့ First Eleven Sports Journal ရဲ့အမှုဆောင်အယ်ဒီတာ ကိုနန္ဒ၀န်ငြိမ်းချမ်းတို့က သုံးသပ်တင်ဆက်ပေးထားပါတယ်။

င်္Football Talkshow အစီအစဉ် (ရုပ်သံ)

အာဆင်နယ် (အဆင့်-၁၇) နှင့် ၀က်စ်ဟမ်း (အဆင့်-၁၉)  (၂၅-၈-၂၀၁၈ မြန်မာစံတော်ချိန် ည ၈း၃၀ နာရီ)

 

■ အာဆင်နယ်က မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ကို (၂)ပွဲဆက်ရှုံးနိမ့်ပြီး အဆင့်(၁၇)အထိ ရောက်နေတဲ့ အာဆင်နယ်ရဲ့ခြေစွမ်း

■ ၀က်စ်ဟမ်းက ဒီရာသီမှာ နည်းပြသစ်အဖြစ် ပယ်လီဂရီနီကိုခေါ်ထားသလို အသင်းသမိုင်းတစ်လျှောက် ငွေကြေးအများဆုံးသုံးစွဲမှုအဖြစ် ပေါင်သန်း(၁၀၀)ကျော်သုံးထားတဲ့ ၀က်စ်ဟမ်းအသင်းရဲ့ခြေစွမ်း

■ (၂)ပွဲမှာ (၅)ဂိုးအထိပေးထားရတဲ့ အာဆင်နယ်အသင်းရဲ့ ခံစစ်၊ တိုက်စစ်မှူး အူဘာမီယန်း

■ ၀က်စ်ဟမ်းရဲ့ (၂)ပွဲမှာ (၁)ဂိုးပဲရထားတဲ့ တိုက်စစ်ပိုင်းအခြေအနေ စတဲ့အကြောင်းအရာတွေကို First Eleven Sports Journal ရဲ့ တာဝန်ခံအယ်ဒီတာ

ကိုကျော်သူမြင့်နဲ့ First Eleven Sports Journal ရဲ့ အမှုဆောင်အယ်ဒီတာ ကိုနန္ဒ၀န်ငြိမ်းချမ်းတို့က သုံးသပ်တင်ဆက်ပေးထားပါတယ်။

Football Talkshow ရုပ်သံအစီအစဉ်

Iran U 23 Vs Myanmar U 23 (မြန်မာစံတော်ချိန် နေ့လည် ၃း၃၀ နာရီ)

၂၀.၈.၂၀၁၈ နေ့လည် (၃း၃၀)နာရီတွင် ယှဉ်ပြိုင်ကစားမည့် 18th Asian Games ပြိုင်ပွဲ ရဲ့ ဘောလုံးပွဲစဉ်ဖြစ်သည့် Iran U-23 အသင်း နှင့် Myanmar U-23 အသင်းတို့ ပွဲစဉ်ကို Eleven Sports မှ အကြီးတန်းအယ်ဒီတာ ကိုဇာနည်အောင် နှင့် လက်ထောက်အယ်ဒီတာ ကိုချစ်ကိုဦးတို့က သုံးသပ်တင်ဆက်ပေးထားပါတယ်။

င်္Football Talkshow အစီအစဉ် (ရုပ်သံ)

ဘရိုက်တန် နှင့် မန်ယူ (၁၉-၈-၂၀၁၈ မြန်မာစံတော်ချိန် ည ၉း၃၀ နာရီ)

■ ဘရိုက်တန်က အဖွင့်ပွဲမှာ ၀က်ဖို့ဒ်ကို (၀-၂)ဂိုးနဲ့ရှုံးခဲ့ပါတယ်။ ဘရိုက်တန်အသင်းရဲ့ လက်ရှိအနေအထား
■ အဖွင့်ပွဲမှာ လက်စတာကို အိမ်ကွင်းမှာ အနိုင်ရခဲ့ပေမယ့် မန်ယူအသင်းက အကောင်းဆုံးပုံစံမရသေးဘူးလို့ ပြောရမယ်။ တိုက်စစ်ပိုင်းကအဓိက အားနည်းခဲ့တယ်ဆိုတာကို တွေ့ရပြီး ကွင်းလယ်နဲ့ နောက်တန်းကတော့ ပုံစံကောင်းပြခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ခြေစွမ်းကို သုံးသပ်ချက်
■ မော်ရင်ဟိုရဲ့ အပြောင်းအရွှေ့သတင်းတွေက လှုပ်ခက်ခဲ့တယ်။ အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်နဲ့ အဆင်မပြေသလို၊ ကစားသမားတချို့နဲ့လည်း ပြဿနာရှိနေတာကြောင့် မော်ရင်ဟိုနဲ့ ပတ်သတ်ပြီး သုံးသပ်ချက်
■ ပေါ့ဘာနဲ့ မန်ယူအသင်း အခြေအနေ စတဲ့အကြောင်းအရာတွေကို First Eleven Sports Journal ရဲ့ တာဝန်ခံအယ်ဒီတာ
ကိုကျော်သူမြင့်နဲ့ First Eleven Sports Journal ရဲ့ အမှုဆောင်အယ်ဒီတာ ကိုနန္ဒ၀န်ငြိမ်းချမ်းတို့က သုံးသပ်တင်ဆက်ပေးထားပါတယ်။

Football Talkshow ရုပ်သံအစီအစဉ်

Saudi U 23 Vs Myanmar U 23 (မြန်မာစံတော်ချိန် ညနေ ၆း၃၀ နာရီ)

■ Asian Games အုပ်စုအဖွင့်ပွဲစဉ်မှာ မြောက်ကိုရီးယားကို သရေကစားနိုင်ခဲ့လို့ မြန်မာအသင်းရဲ့ မျှော်လင့်ချက်တွေ အားကောင်းလာပါပြီ။ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဆော်ဒီအသင်းနဲ့ပွဲမှာ မြန်မာအသင်း ရလဒ်ကောင်းမလား။

■ ဆော်ဒီအသင်းရဲ့ လျင်မြန်တဲ့တိုက်စစ်တွဲလုံးတွေကို မြန်မာအသင်းခံစစ် ထိန်းချုပ်နိုင်မလား၊ မြန်မာအသင်းတိုက်စစ်ကရော ဆော်ဒီအသင်းခံစစ်ကို တန်ပြန်တိုက်စစ်တွေနဲ့ ခြိမ်းခြောက်နိုင်မလား။

■ သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ မြန်မာအသင်းအခြေအနေကောင်းပေမယ့် လက်ရွေးစင်အဆင့်အောင်မြင်မှုရဖို့ ဘာတွေပြင်ဆင်သင့်သလဲ စတာတွေကို Eleven ရုပ်သံရဲ့ အယ်ဒီတာ ကိုငြိမ်းကိုကိုစိုးနဲ့ Eleven ရုပ်သံရဲ့အားကစားအယ်ဒီတာ ကိုလင်းအာကာတို့က သုံးသပ်တင်ဆက်ထားပါတယ်။

18th Asian Games Football Talk Show အစီအစဉ် (ရုပ်သံအစီအစဉ်)

မြောက်ကိုရီးယား နှင့် မြန်မာ (၁၅-၈-၂၀၁၈၊ မြန်မာစံတော်ချိန် ညနေ ၆း၃၀ နာရီ)

၁၅.၈.၂၀၁၈ ညနေ (၆း၃၀) နာရီတွင် ယှဉ်ပြိုင်ကစားမည့် 18 th Asian Games ပြိုင်ပွဲရဲ့ ဘောလုံးပွဲစဉ်ဖြစ်သည့် မြောက်ကိုရီးယားအသင်း နှင့် မြန်မာအသင်းတို့ ပွဲစဉ်ကို Eleven Sports မှ အကြီးတန်းအယ်ဒီတာ ကိုဇာနည်အောင် နှင့် လက်ထောက်အယ်ဒီတာ ကိုချစ်ကိုဦး တို့က သုံးသပ် တင်ဆက်ပေးထားပါတယ်။