“HAPPY WEEKEND” (ရုပ်သံအစီအစဉ်)

“ကျိုက်သလဲရွာလေးဆီက CBT မင်္ဂလာ Bio Garden”

ဓနိမိုးထရံကာအိမ်လေးတွေကနေ စိမ်းစိုနေတဲ့ သီးနှံစိုက်ခင်းတွေကို မျက်စိတဆုံး ကြည့်ရှူခံစားပြီး စိုက်ခင်းတွေကြားထဲ လမ်းလျှောက်ရင်း သဘာဝလေနုအေးကို ရှူရှိုက်ကာ သစ်ရိပ်ဝါးရိပ်အောက်မှာထိုင်ရင်း ဘ၀အမောတွေပြေပျောက် စိတ်ရွှင်လန်းစေမယ်။ ရွာဓလေ့ အလှအပတွေနဲ့ အနီးပတ်ဝန်းကျင်က သဘာဝရှုခင်းတွေကို စက်ဘီးကလေးစီးပြီး လျှောက်ကြည့်ရတာဟာ ဘာနဲ့မှမလဲနိုင်တဲ့ စိတ်အပန်းဖြေခြင်းတစ်မျိုးပါပဲ။ အဲဒီနေရာလေးကတော့ တွံ့တေးမြို့နယ် ကျိုက်သလဲကျေးရွာ (အလယ်ပိုင်း) က CBT မင်္ဂလာ Bio Garden ပဲ ဖြစ်ပါတယ်။

“HAPPY WEEKEND” (ရုပ်သံအစီအစဉ်)

“ပဲခူးမြေက ရှေးဟောင်းသမိုင်းဝင် မုစလိန္ဒာစေတီတော်”

ရှေးမူမပျက် လှပတင့်တယ်တဲ့ ဗိသုကာလက်ရာ အုတ်ဘောင်တွေနဲ့ ဆိတ်ငြိမ်အေးချမ်းပြီး စိတ်အာရုံကြည်နူး ပျော်ရွှင်စေတဲ့ အရိပ်အာဝါသတစ်ခုအကြောင်းကို တင်ဆက်ပေးထားပါတယ်။ အဲဒါကတော့ ရန်ကုန်-မန္တလေးလမ်းဟောင်း (ပဲခူးမြို့အထွက်) ၅၂ မိုင် ၂ ဖာလုံမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် မုစလိန္ဒာစေတီတော်ကြီးပဲ ဖြစ်ပါတယ်။

“HAPPY WEEKEND” (ရုပ်သံအစီအစဉ်)

“အားလပ်ရက်အတွက် Road Trip သုံးခု”

နေ့ချင်းပြန်ခရီးတိုလေးတွေ သွားချင်တဲ့သူတွေအတွက် သွားရောက်လည်ပတ်တဲ့အခါမှာ ကြည်နူးမှု၊ စိတ်လှုပ်ရှားမှု၊ အေးချမ်းမှုတွေနဲ့ စိတ်အပန်းပြေပြီး အမှန်တကယ် ပျော်ရွှင်ရမယ့် နေရာလေး (၃) ခု အကြောင်းကို တင်ဆက်ပေးထားပါတယ်။

HAPPY WEEKEND (ရုပ်သံအစီအစဉ်)

အားလပ်ရက်ရဲ့ချိုမြိန်တဲ့ အခိုက်အတန့် ”

ချစ်သူခင်သူတွေနဲ့ အမှတ်တရ အခိုက်အတန့်များစွာကိုဖန်တီးနိုင်ပြီး ကန်ရေပြင်က တိုက်ခတ်လာတဲ့ လေနုအေးလေးကိုခံယူရင်း ချိုမြိန်တဲ့မုန့်တွေကို စားနိုင်သလို အေးဆေးငြိမ်သက်စွာ စာအုပ်ဖတ်ချင်သူတွေအတွက် ကန်တော်ကြီးထဲက နေရာလေးတစ်ခုအကြောင်း လမ်းညွှန်ပေးလိုက်ပါတယ်။

“HAPPY WEEKEND” (ရုပ်သံအစီအစဉ်)

“သင် ၃၆၀၀ စက္ကန့်အတွင်း လွတ်မြောက်နိုင်မှာလား”

■ သင့်မှာ သင်ကိုယ်တိုင် ရွေးချယ်နိုင်ပြီး ကိုယ်ပိုင်စွမ်းရည်ရှိတဲ့ ဇာတ်ကောင်တစ်ခု ရှိပါတယ်။ Breakout ရဲ့ အခန်းတစ်ခုချင်းစီက မတူကွဲပြားတဲ့ Mission တွေကို သင်တို့အဖွဲ့ရရှိထားတဲ့ ကိုယ်ပိုင်စွမ်းအားတွေကို ကိုယ်စီအကောင်းဆုံး အသုံးချပြီး နောက်ဆုံးမှာ အောင်မြင်မှုရနိုင်မှာလား။ Mission အောင်မြင်ဖို့အတွက် စီမံခန့်ခွဲမှုတွေ၊ ဆုံးဖြတ်ချက်တွေ၊ ဗျူဟာစွမ်းရည်တွေကို ဘယ်လိုသုံးမလဲ။ စဉ်စားတွေးခေါ်နိုင်မှုက အရေးကြီးပါတယ်။ ဘယ်လိုဖြေရှင်းမလဲဆိုတာကို အခုပဲ သူငယ်ချင်းတွေနဲ့ လူစုလိုက်ပါတော့။

“HAPPY WEEKEND” (ရုပ်သံအစီအစဉ်)

“ရင်တထိတ်ထိတ်နဲ့ စကိတ်စီးမှာလား”

■ ဒီတစ်ပတ် အားလပ်ရက်အတွက် ညွှန်းပေးချင်တာကတော့ မြန်မာပလာဇာ ဒုတိယထပ်မှာ အသစ်ဖွင့်လှစ်ထားတဲ့ “Ice Arena” အကြောင်းပဲ ဖြစ်ပါတယ်။ စကိတ်စီးတတ်သူတွေအတွက် နေရာကောင်းတစ်ခုလို့ ပြောနိုင်သလို မစီးဖူးတဲ့သူတွေအတွက် အတွေ့အကြုံရအောင် စမ်းသပ်စီးနင်းနိုင်တဲ့ နေရာပါ။

” HAPPY WEEKEND ” (ရုပ်သံအစီအစဉ်)

” သူငယ်ချင်းတွေနဲ့ ဥာဏ်ရည်ချင်းယှဉ်ပြိုင်ခြင်း ”

အခုတစ်ပတ်မှာ သူငယ်ချင်းတွေစုပြီး အေးဆေးထိုင်နေရင်းနဲ့မှ ကမ္ဘာ့နေရာအနှံ့အပြားနဲ့ ပင်လယ်သမုဒ္ဒရာတွေအထိ စိတ်အာရုံကိုဖြန့်ကျက်ရင်း အခက်အခဲနဲ့အတိုက်အခိုက်တွေကို ကျော်လွှားရင်း သင်ဘယ်လောက် ဖြတ်ထိုးဥာဏ်ဘယ်လောက်ကောင်းလဲဆိုတာ အဆုံးအဖြတ်ပေးမယ့် Game တွေအများကြီး ရှိတဲ့နေရာကို တင်ဆက်ပေးလိုက်ပါတယ်။

“HAPPY WEEKEND” (ရုပ်သံအစီအစဉ်)

■ “ဓာတ်ပုံရိုက်မယ့် အားလပ်ရက်”

■ လူတိုင်းမဟုတ်ရင်တောင် တစ်ချို့သူတွေက အားလပ်ရက်မှာ ဓာတ်ပုံရိုက်ချင်လိုက်တာဆိုတဲ့စိတ် ဖြစ်ပေါ်တတ်တယ်လို့ ပြောကြပါတယ်။ ဒီတော့ အခုတစ်ပတ် အားလပ်ရက်မှာ နားအေးပါးအေးအနားယူရင်း မုန့်စားရင်း ဓာတ်ပုံလှလှလေးတွေရိုက်နိုင်တဲ့ Background အလန်းစားလေးတွေရှိတဲ့ နေရာလေးတစ်ခုအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။